Chapter 37.1

3.3K 579 3
                                    

Unicode

ညစာက အရမ်းပေါကြွယ်၀တယ်။ ရနံ့မွေးတဲ့ငါးကင်၊ အရသာရှိပြီး ချိုမြိန်တဲ့ ငါးစွပ်ပြုတ်၊ ကြွပ်ကြွပ်လေးနဲ့ အရသာရှိတဲ့ ငါးကြော်နဲ့ အာလူးကြော်အချို့တို့ပဲဖြစ်ပါတယ်။  ခြင်္သေ့လေးက ဂူထဲသို့ ဝင်လိုက်တာနဲ့ အနံ့ရသွားပြီး မျက်လုံးတွေက သူ့ကို တောက်တောက်ပပနဲ့ ကြည့်လိုက်တယ်။

"အစ်ကိုကြီးပိုင်မု၊ ဒီနေ့က ဘာအရသာရှိတာလေးများလဲ" ခြင်္သေ့လေးက ပိုင်မုကို ကြိုးကြိုးစားစားနဲ့ စက်ဝိုင်းလိုလှည့်ပတ်လိုက်တယ်။

“သား ဒါကို မမြင်ဖူးဘူး” သူက ပြောလလည်းပြောသလို ငါးကြော်ကိုလည်း ပါးစပ်ထဲ သွတ်ထည့်လိုက်တယ်။  ခြင်္သေ့လေးက ငါးကြော်ကို အကြိမ်အနည်းငယ် ဝါးလိုက်ပြီး အရသာရှိတဲ့အနံ့လေးက သူအကြိုက်ဆုံး ကြွပ်ကြွပ်‌ကြော်အရသာလေးလည်းရှိတာပဲ။

"အစ်ကိုကြီး ဘယ်တော့ ထမင်းစစားမှာလဲ" ခြင်္သေ့လေးက ခေါင်းလှည့်ပြီး သူ့အစ်ကိုကြီးကို ပြတ်ပြတ်သားသား ကြည့်လိုက်တယ်။

" မင်းရဲ့ ဒုတိယအစ်ကို ပြန်လာတာကို ငါစောင့်ရမယ် "ခဲယ်လ်တစ်က တပေါရဲ့ ခန္ဓာကိုယ်ပုံစံကို လေးလေးနက်နက် စဉ်းစားလာတယ်။  သူ ဒီအတိုင်း ဆက်စားနေရင် သူပျံသန်းဖို့ အရမ်း၀လွန်းလာလိမ့်မယ်။  မပျံနိုင်တဲ့ခြင်္သေ့တောင်ပံတစ်ကောင်လား?  အဲဒါကို တွေးပြီး သူ့ခံစားချက်က မကောင်းဘူး။  သူ့သားရဲအဖေသာရှိသေးရင် သတ်ပစ်လိုက်လိမ့်မယ်။

ပိုင်မုရဲ့ ထင်မြင်ချက်ကို မေးဖို့ အချိန်ရှိနိုင်သေးတယ်။ သူ့(ပိုင်မု)မှာ နည်းလမ်းကောင်း ရှိတာလည်း ဖြစ်နိုင်တယ်။  ဒါမှမဟုတ် နောက်နှစ် နွေဦးရာသီအစအထိ စောင့်ရမလား။  လအနည်းငယ်အတွင်းမှာ ဆောင်းရာသီရောက်လာလိမ့်မယ်။ ဆောင်းရာသီမှာ ၀နေတာကလည်း မဆိုးပါဘူးလေ။(T/N- တပေါအရမ်း၀နေလို့ မပျံနိုင်မှာကိုတောင် အကိုကြီးစိုးရိမ်နေရပါပြီ><)

  "ဒါနဲ့၊ ဒုတိယအစ်ကိုက ဘယ်မှာလဲ" ခြင်္သေ့လေးက သူ့အစ်ကိုကြီးရဲ့စိုးရိမ်မှုကို သတိမထားမိပါဘူး။

"သူ့ရဲ့အဝတ်အစားဖန်တီးမှုအတွေ့အကြုံကို ဝေမျှဖို့ တစ်ယောက်ယောက်ကို သွားရှာတယ်"

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now