Chapter 71

2.3K 365 1
                                    

Unicode

Chapter 71.1

သူတို့ နက်နက်ရှိုင်းရှိုင်း ဆက်၀င်သွားတော့ ချောက်ရဲ့အတွင်းဘက်က အပြင်ဘက်ထက် ပိုနွေးထွေးနေတာကြောင့် လူတိုင်းအတွက် ပူတယ်လို့ခံစားရဖို့ အချိန်သိပ်မကြာလိုက်ဘူး။ နာရီဝက်ခန့် လမ်းလျှောက်ပြီးနောက် နောက်ဆုံးမှာ သဘာဝဂူတစ်ခုဖြစ်တဲ့ မျိုးနွယ်စု‌ခေါင်းဆောင် ပြောခဲ့တဲ့ဂူဆီ သူတို့ရောက်ရှိခဲ့ပြီလို့ ပိုင်မုထင်တယ်။ ဒီနေရာမှာ ရေအရင်းအမြစ် ပေါများပြီး ဂူက အတော်လေးစိုစွတ်နေတာကြောင့် orcs တွေအတွက် ဂူအတွင်းမှာနေထိုင်ဖို့ မသင့်‌တော်ပုံရတယ်။

ပိုင်မုက ဂူကို ဂရုတစိုက် လေ့လာနေတယ်။ သူတို့တည်းခိုရာနေရာက ဂူအ၀င်၀မှာသာဖြစ်ပြီး ဂူအတွင်းဘက် အမှောင်ထုကတော့ ပိုမိုနက်ရှိုင်းသွားပုံရတယ်။ မှောင်မိုက်ပြီး တိတ်ဆိတ်ချောင်ကျတဲ့ဂူရဲ့ အတွင်းဘက်ပိုင်းကို ကြည့်ရင်းနဲ့ ဂူက ဘယ်လောက်နက်လဲ၊ ဘယ်ကို ဦးတည်သွားနိုင်မလဲဆိုတာကို ပိုင်မုအရမ်းသိချင်နေခဲ့တယ်။ "မျိုးနွယ်စုခေါင်းဆောင် Er  ဒီဂူကို ရောက်ဖူးလား" ပိုင်မုက သူ့ခရီးဆောင်အိတ်ကို ဖြည်နေတဲ့ Er ကို စိတ်ဝင်တစား မေးလိုက်တယ်။ မျိုးနွယ်စုခေါင်းဆောင်က ပြန်ဖြေတယ်။

"ဂူက အရမ်းနက်တယ် လမ်းလျှောက်ရတာ မလွယ်ကူဘူး ခဏလောက်ဝင်ပြီး အောက်ကို ဆက်ဆင်းသွားရင် အတွင်းဘက်ဆုံးမှာ မြစ်တစ်စင်းရှိတယ်"မျိုးနွယ်စုခေါင်းဆောင် Er က အဲ့ဒီတုန်းက စူးစမ်းချင်စိတ်ကြောင့်သာ ရှေ့ဆက်သွားခဲ့တာ။တကယ်တော့ အဲ့မှာ ဘာမှကြည့်စရာမရှိမှန်း သူသိပါတယ်။

"အိုး" ပြင်ပကမ္ဘာဆီ ဦးတည်သွားမယ့်ပုံမပေါ်တာကြောင့် စိတ်ချလို့ရနိုင်တာပဲ။

ခဲယ်လ်တစ်က သူနဲ့ ပိုင်မုရဲ့ ၀န်စည်တွေကို အတော်လေးခြောက်သွေ့တဲ့ ထောင့်နားမှာ ထားလိုက်ပြီး ပိုင်မုက အစားအသောက် ယူထုတ်ဖို့ ကူညီပေးလိုက်တယ်။ သူတို့က လူတစ်ဦးစီအတွက် အစားအစာအချို့ယူဆောင်လာပေမယ့်လည်း အစားအစာအားလုံးကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ထားတယ်။

လူတိုင်းက သူတို့ရဲ့ခရီးဆောင်အိတ်တွေကို ဖြည်ပြီးနောက် မျိုးနွယ်စုခေါင်းဆောင်က နောက်မှာချက်ပြုတ်ဖို့ လူနှစ်ဦးစီစဉ်လိုက်ပြီး ကျန်တဲ့သူတွေက ချိုင့်ဝှမ်းအတွင်းက အခြေအနေတွေကို စစ်ဆေးဖို့ ပိုင်မုနောက်ကနေ လိုက်ပါခဲ့ကြတယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now