Chapter 33.1

4K 677 14
                                    

(Unicode)

ပိုင်မုအံ့အားသင့်ဆုံးအရာက ရင်းနှီးတဲ့အပင်တစ်ပင်ကို တောထဲတွင် တွေ့လိုက်ရခြင်းဖြစ်တယ်။ အဲ့ဒီအပင်တွေရဲ့ အခေါက်က အညိုရင့်ရောင်ဖြစ်ပြီး အရွက်တွေက လက်ဖဝါးအရွယ်ရှိတယ်။  ယူနန်ကို သူခရီးသွားတုန်းက မြင်ခဲ့ရတဲ့ *MSG သစ်ပင်နဲ့ အရမ်းတူတယ်။ အဲ့ဒီအပင်ရဲ့အရွက်နဲ့အခေါက်တွေက MSG ပင်နဲ့ အရမ်းတူနေတယ်။  ဒေသခံတွေက အသားနဲ့ အသီးအရွက်တွေကို ချက်ပြုတ်တဲ့အခါ MSG အစား ဟင်းခတ်အမွေးအကြိုင်အနေနဲ့ အရွက်နဲ့ အကိုင်းအခက်တချို့ကို အိုးထဲ ထည့်ချက်တတ်ကြတယ်။  အသားနဲ့ ဟင်းသီးဟင်းရွက်တွေက တုနှိုင်းမရတဲ့ MSGထည့်ထားသလိုမျိုး အရသာရှိသွားတယ်။(T/N-ဘာပင်မှန်း တို့လည်းမသိဘူး ငရုတ်ကောင်းလို့တော့ ထင်တာပဲ)

ပိုင်မုက သစ်ပင်ဆီကိုသွားပြီး သစ်ရွက်တစ်ရွက်ကို ခူးလိုက်ကာ ပါးစပ်ထဲထည့်ပြီး မြည်းစမ်းလိုက်တယ်။  သေချာတာပေါ့၊ အဲဒါက MSG လို အရသာရှိတာပဲ။ ပိုင်မုက သစ်ပင်,ပင်စည်ကို ပျော်ရွှင်စွာနဲ့ ပွေ့ဖက်ပြီး နမ်းလိုက်တယ်။  MSG ကို ဘယ်လို လုပ်ရမယ်ဆိုတာ သူမသိဘူးလေ၊ အဲ့ဒီအရသာကို မေ့သွားတော့မယ် လို့တောင် သူထင်ခဲ့တာ။  အခုအဆင်ပြေသွားပြီ။ သူ MSG အပင်ကို တွေ့သွားပြီလေ။ အနာဂတ်မှာ ဘာအစားအစာဖြစ်ဖြစ် ပြဿနာမဖြစ်တော့ဘူး။  အရသာမကောင်းမှာကို စိတ်မပူရတော့ဘူး။ သူ *အိပ်ပျော်သွားတာနဲ့ ဘုရားသခင်က သူ့ကို ခေါင်းအုံးတစ်လုံး ယူလာပေးလိုက်သလိုပဲ၊ ဒါက သူ့ကို အရမ်းစိတ်လှုပ်ရှားစေတယ်။(T/N-ရေကန်အသင့် ကြာအသင့်နဲ့ ဆိုလိုပုံချင်းတူပါတယ်)

  "ပိုင်မု မင်းဘာလို့ဒီလောက်ပျော်နေတာလဲ"

"ကောင်းတာလေးတွေ့လို့ ဒါက  အစားအသောက်ကို ပိုအရသာရှိအောင် လုပ်နိုင်တယ်" ပိုင်မုက ဝမ်းသာအားရနဲ့ ပြန်ပြောပြီး  အပင်ရဲ့ ကိုယ်ထည်ကို ညင်သာစွာ ပွတ်သပ်လိုက်တယ်။ ခဲယ်လ်တစ်က ရှုပ်ထွေးနေတုန်းပဲဆိုတာကို မြင်ပြီး ထပ်ပြောလိုက်တယ် "ဒါက ဆားနဲ့ နည်းနည်းဆင်တူတယ်"

ခဲယ်လ်တစ်က ပိုင်မုရဲ့ စိတ်လှုပ်ရှားနေတဲ့ အမူအရာကို ကြည့်ပြီး အရမ်းကို ပဟေဠိဖြစ်သွားတယ်။  သူဘာလို့ဒီလောက်စိတ်လှုပ်ရှားနေတာလဲ။ ဒါက သစ်ပင်တစ်ပင်ပဲ မဟုတ်လား။ အဲ့ဒါက စားနိုင်ရင်တောင် ကြီးကြီးမားမားကြီး  ပျော်နေစရာမရှိပါဘူး။  ဒါပေမယ့် ပိုင်မုအရမ်းပျော်နေတာကိုမြင်တော့ သူလည်း ပျော်လာတယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now