Chapter 32.2

4.4K 728 7
                                    

(Unicode)

ပိုင်မုနဲ့ခဲယ်လ်တစ်က မျိုးနွယ်စုခေါင်းဆောင်သဘောတူလိုက်တာကို မြင်တော့ ထပြီး ပြန်ခဲ့ကြတယ်။ သူတို့ အိမ်ပြန်ရောက်ပြီး သိပ်မကြာခင်မှာဘဲ တခြားသူတွေက ကူညီဖို့ လာခဲ့ကြတယ်။ နိရှီဇ၀တို့သုံးယောက်အပြင် orcs ငါးယောက်လည်း ရှိနေသေးတယ်။အဲ့ဒီorcsတွေက  ခဲယ်လ်တစ်ထက် အနည်းငယ်ပိုကြီးပြီး ရင့်ကျက်ပြီး တည်ငြိမ်ပုံပေါက်တယ်။ပိုင်မုက  လူ‌နောက်ထပ်တစ်ယောက်ကိုလည်း  သိတယ်။ အဲ့ဒါက ခဲယ်လ်တစ်ရဲ့ သူငယ်ချင်း အားမို ဖြစ်တယ်။

မျိုးနွယ်စုခေါင်းဆောင်က ဒီorcsတွေကို လာဖို့ စေလွှတ်ခဲ့တယ်။  အရင်ဆုံး ၊ သူတို့ က ပိုရင့်ကျက်တည်ငြိမ်တဲ့ ဒုတိယ မျိုးဆက်က လူတွေဖြစ်ပြီး၊ ဒီလူတွေက လက်တွဲဖော် ရှိပြီး ပိုင်မုကို ခဲယ်လ်တစ်နဲ့ ပြိုင်လုမှာ မဟုတ်ဘူး ။ ခဲယ်လ်တစ်က ဒါနဲ့ပတ်သက်ပြီး အရမ်းကျေနပ်ခဲ့ပြီး သူရဲ့ စိတ်နှလုံးထဲမှာ ဉာဏ်ရှိတဲ့ မျိုးနွယ်စုခေါင်းဆောင်ကို ချီးကျူးခဲ့တယ်။

လူတွေ ရောက်လာပြီးနောက် ပိုင်မုက အလုပ်တာဝန်တွေကို စတင်ခွဲဝေပေးတော့တယ်။ ခဲယ်လ်တစ်နဲ့orcsနှစ်ယောက်က ထင်းခုတ်ဖို့ ပုဆိန်ယူခဲ့ကြပြီး  အခြားorcsသုံးယောက်က အပြာရောင်သစ်သားကို ယူဖို့သွားကြတယ်။ လိန်းကျယ်ကတော့ အစိမ်းရောင်စပျစ်နွယ်ပင်တွေကို စုဆောင်းဖို့ တာဝန်ရှိတယ်။ ပိုင်မုက အိမ်ထဲမှာ ကျန်နေတဲ့ အပြာရောင်သစ်သားကို နိရှီဇ၀နဲ့ တခြားလူတွေကို အမြှောင်းလေးတွေ ဖြစ်အောင်လုပ်ခိုင်းတယ်။ ဒီအပြာရောင်သစ်သားမြှောင်း တွေက နောက်ကျောလွယ်ခြင်းတောင်းရက်လုပ်တဲ့အမြှောင်းတွေနဲ့ လုံးဝကွဲပြားတယ်။  ခံနိုင်ရည်အားကောင်းစေဖို့အတွက် တံခါးရက်လုပ်မယ့် အပြာရောင်သစ်သားမြှောင်းတွေက ပိုထူဖို့လိုအပ်တယ်။

ပိုင်မုက သူတို့ကို သင်ပေးပြီးနောက် သူက ဂူပေါက်ဝမှာ ရပ်ပြီး လက်ဟန်ခြေဟန်လုပ်ကြည့်နေတယ်။  ဘယ်လိုတပ်ဆင်ရမလဲဆိုတာနဲ့ ဘယ်နေရာမှာတပ်ဆင်ရမလဲဆိုတာကို သူ စဉ်းစားနေတာ။  နောက်ဆုံးတော့ ဂူအဝင်ဝကနေ ၂ မီတာလောက်အကွာမှာရှိတဲ့ အတော်ကလေးကျဉ်းတဲ့နေရာကို ရွေးလိုက်တယ်။ ဒီအကွာအဝေးနဲ့ ဂူအဝင်ဝရှိ နေရာငယ်ကို ထပ်ပေါင်းရင် ခဲယ်လ်တစ်အတွက် သားရဲပုံစံနဲ့ ဆင်းသက်ဖို့အတွက် လုံလောက်တယ်။ ဒါ့အပြင် သစ်သားတံခါးက နေနဲ့မိုးကို ရှောင်ရှားနိုင်တယ်လေ။ 

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now