Chapter 16.2

5.3K 1K 28
                                    

(Unicode)

"ကောင်းပါပြီ အစ်ကိုက မင်းအရမ်းစားလိုက်လို့ တကယ်စိုးရိမ်နေတာ"orcsတွေရဲ့ ကိုယ်တွင်းအင်္ဂါတွေက ကောင်းမွန်ပြီး ဆီရွှဲနေတဲ့အရာတွေအများကြီးစားလည်း အဆင်ပြေလိမ့်မယ်ဆိုတာကိုသိသွားတာ ကြောင့် ပိုင်မုက သက်ပြင်းချလိုက်တယ်။သာမန်လူသားတွေဆိုရင်‌တော့ မတ်မတ်တောင်ရပ်နိုင်မှာမဟုတ်ဘူး။

နေ့လည်ခင်းမှာ အရာရာတိုင်းအဆင့်သင့်ဖြစ်သွားပြီးနောက် မျိုးနွယ်စုခေါင်းဆောင်က ခဲယ်လ်တစ်ကို ပိုင်မုဆီလာဖို့ပြောခဲ့တယ်။ပိုင်မု ကွင်းပြင်ကိုရောက်လာတဲ့အချိန်မှာ လူတွေနဲ့ ပြည့်ကျပ်နေပါပြီ။လူစုလူဝေးကြီးက ပိုင်မုလာနေတာကို တွေ့တော့ လမ်းဖယ်ပေးလိုက်ကြတယ်။သူအရင်က မျိုးနွယ်စုခေါင်းဆောင်ကို ပြောခဲ့တာကြောင့် သန့်ရှင်းတဲ့ကျောက်သားစင်မြင့်တစ်ခုက လူစုလူဝေးကြီးထဲမှာ နေရာချထားခံရတယ်။

ခြင်္သေ့တောင်ပံမျိုးနွယ်စု၀င်တွေက ထူးထူးဆန်းဆန်း၀တ်ထားတဲ့လှပတဲ့မိန်းမပျိုကို ကြည့်လိုက်ကြတယ်။သူတို့ရဲ့နှလုံးသားထဲမှာတော့ အတွေးတစ်ခုရှိနေတယ်။လတ်စသတ်တော့ ဒါက နတ်ဘုရားတမန်တော်ကိုး။အိုး အသားအရည်က အရမ်းတောက်ပဖြူဖွေးတာပဲ။ပြီးတော့ ဘာကြီး သူ၀တ်ထားတာလဲ?ဒီလှပတဲ့မိန်းမပျိုက အစားအစာတွေကို အချိန်အကြာကြီး သိမ်းဆည်းထားနိုင်တာလား?

ငယ်ရွယ်တဲ့orcsတွေက တမန်တော်က ခဲယ်လ်တစ်ရဲ့အိမ်မှာ နေတယ်လို့ ကြားခဲ့ကြပေမယ့် သူ့(ပိုင်မု)ကိုယ်ပေါ်မှာ orcsအထီးတစ်ယောက်ရဲ့ အနံ့ကို မရဘူး။သူတို့မှာလည်းပဲ အခွင့်အရေးတစ်ခုရှိတယ်လို့ ဆိုလိုတာလား?

လူတိုင်းရဲ့စိတ်အားထက်သန်တဲ့မျက်၀န်းတွေအောက်က ဖိအားတွေအောက်မှာ ပိုင်မုက ကျောက်သားစင်မြင့်ဆီ လျှောက်သွားတယ်။မိန်းမပျိုတွေနဲ့ သက်ကြီးရွယ်အိုတွေက အလယ်မှာရှိကာ orcsတွေက အပြင်မှာ ရပ်နေကြပြီး ကျောက်သားစင်မြင့်ကိုဝိုင်းပြီး စက်ဝိုင်းကြီးကြီးတစ်ခုလို လူတိုင်းက မတ်တပ်ရပ်နေကြတယ်။

ဆားအိုးသေးသေးတစ်လုံးနဲ့ အမည်မသိတိရိစ္ဆာန်တစ်ကောင်ရဲ့ အသားတစ်ပိုင်းက ကျောက်သားစင်မြင့်ပေါ်မှာ ရှိတယ်။အဲ့ဒီအသားပိုင်းက အရမ်းကြီးပြီး သူက ၎င်းကို သေးအောင်လှီးလိုက်ဖို့ လိုတယ်။ပိုင်မုက ရှက်ကိုးရှက်ကန်းနဲ့ ကျောက်သားစင်မြင့်ပေါ်က လေးလံတဲ့ကျောက်သားဓားကို ကြည့်လိုက်တယ်။ဘယ်လိုအသုံးပြုရမလဲဆိုတာ သူမသိရင် သူဘာလုပ်သင့်လဲ?

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now