Chapter 87

2.5K 326 4
                                    

Unicode

Chapter 87.1

ခဲယ်လ်တစ်ကလည်းပဲ ရုတ်တရက်ကြားလိုက်ရတဲ့ သတင်းကောင်းကြောင့် အံ့အားသင့်သွားပြီး ကြောင်တောင်တောင်လေးနဲ့ သွားပေါ်အောင်ပြုံးလိုက်တယ်။ "ငါ သားရဲဖခင်ဖြစ်တော့မယ် ငါ သားရဲဖခင်ဖြစ်တော့မယ်တဲ့လား" လို့ သူ့ဘာသာသူ ရေရွတ်မိသွားတယ်။

ပိုင်မုက ခဲယ်လ်တစ်ကိုကြည့်ပြီး ကြောင်တောင်တောင်နဲ့ လိုက်ပြုံးတယ်။ သူ(ခဲယ်လ်တစ်)က အနာဂတ်မှာ ရူးကြောင်ကြောင်သားရဲဖခင်တစ်ယောက် ဖြစ်လာ တော့မယ်။ ထိုအချိန်မှာမှ ခဲယ်လ်တစ်က ရုတ်တရက် တုံ့ပြန်လာနိုင်ပုံရပြီး သူ့နှလုံးသားထဲက စိတ်လှုပ်ရှားမှုတွေကို ဘယ်လိုအပြင်ထုတ်ရမယ်ဆိုတာတောင် မသိတော့သလိုပါပဲ။" "ဟားဟားဟားဟားဟား~~ငါ သားရဲဖခင်တစ်ယောက်ဖြစ်လာတော့မယ် ပိုင်မု မင်း အဲ့ဒါကိုကြားလိုက်လား ကိုယ်တို့မှာ ကလေးရှိနေပြီ"

"ကျွန်တော်ကြားတယ်၊ ကျွန်တော်ကြားပါတယ်ဗျာ၊ ‌ရူးကြောင်ကြောင်လုပ်မနေပါနဲ့တော့ သွားပြီးတော့ တာ့ဝူအတွက် တစ်ခုခုပြင်ပေးလိုက်ပါဦး" တာ့ဝူက လတ်တလောမှာ အလုပ်များလွန်းနေပေမယ့် သူ့ကို ခဲယ်လ်တစ်က အိမ်ကိုလာဖို့ ဖိတ်ကြားခဲ့တယ်လေ။
။ပြီးတော့ အခု အိမ်မှာလည်း စားစရာတွေ အများကြီးရှိတယ်ဆိုတော့ သူ့ရဲ့ကျေးဇူးတင်မှုကို ဖော်ပြဖို့အတွက် ခဲယ်လ်တစ်ကို တာ့ဝူအတွက် ကောင်းတဲ့အရာအချို့ ပြင်ဆင်ပါစေလေ။

"ကောင်းပြီ ကိုယ်အခုသွားလိုက်မယ် တာ့ဝူ ခဏစောင့်နော် ပြန်ပို့တဲ့အချိန်ကျရင် အစားအစာတွေပါ လိုက်ပို့ပေးမယ်"

"သိပ်မယဉ်ကျေးပါနဲ့"

"ဒါက ကျုပ်တို့ရဲ့စေတနာပါ မငြင်းပါနဲ့တာ့ဝူ" ခဲယ်လ်တစ်က ပြောပြီး အလျင်စလို အပြင်ထွက်သွားတယ်။

အိပ်ခန်းထဲက ထွက်လာချိန်မှာတော့ ခဲယ်လ်တစ်က လိန်းကျယ်တို့သုံးယောက် ဝိုင်းရံတာကို ခံလိုက်ရတယ်။ "အစ်ကိုကြီး သားရဲဖခင်ဖြစ်တော့မယ်လို့ အစ်ကိုကြီးပြောလိုက်တာက တကယ်ပဲလား" အန်းချီလော့ရဲ့ မျက်၀န်းတွေက ခဲယ်လ်တစ်ကိုကြည့်ရင်း တလက်လက်တောက်ပနေခဲ့တယ်။ သူ့အစ်ကိုကြီးအတွက် သူတကယ်ကို ပျော်ရွှင်မိတယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now