Chapter 9.1

6.5K 1.1K 12
                                    

(Unicode)

နေရာလွတ်

ခဲယ်လ်တစ်က ဘာရိုသီးကို ပိုင်မုအား ကမ်းပေးလိုက်ပြီး အံ့ဩတဲ့အမူအရာနဲ့ လက်ခံလိုက်တာကို မြင်တော့ သူ့နှလုံးသားလေးက  ကြင်နာမှုတွေ ပြည့်လျှမ်းသွားတယ်။သူ(ခဲယ်လ်တစ်)သူ့(ပိုင်မု)ကို စတွေ့ကတည်းက ဘာကြောင့်မှန်းသူမသိပေမယ့် သူ့နားမှာ သူ့(ပိုင်မု)ကို သိမ်းထားချင်တယ်။

ပိုင်မုက အန်းချီလော့ဆီကနေ ဓားကို ပြန်ယူလိုက်ပြီး အသီးကို ခွဲလိုက်တယ်။ထို့နောက် အဖြူရောင်အသားတွေကို သေးသေးလေးတွေဖြစ်အောင် လှီးလိုက်ပြီး သူ့လျှာကို ထုတ်လိုက်ကာ ၎င်းကို လျက်လိုက်တယ်။။တကယ်ကို ဆားနဲ့တူတဲ့အရသာပဲ။အရမ်းကောင်းတယ်။အခု အနာဂတ်မှာ သူ ဆားမရှိတဲ့အကြောင်းကို စိုးရိမ်နေစရာမလိုတော့ဘူး။

"ကျေးဇူးတင်ပါတယ် ခဲယ့်လ်"ပိုင်မုက အိန်ဂျလို အသားလှီးထားတဲ့ကျောက်ပြားပေါ်မှာ သစ်သီးရဲ့အသားတွေကို ထားလိုက်ပြီး ထောင့်ဘက်မှာ ကျန်တဲ့အသီးတွေကို ထားလိုက်တယ်။

"ကျေးဇူးတင်ဖို့မလိုပါဘူး"ပိုင်မုပျော်နေတာကို တွေ့ရတာ ခဲယ်လ်တစ်လည်း ပျော်တယ်။

ထို့နောက် ပိုင်မုနဲ့ အန်းချီလော့က အသားပေါ်မှာ ဘာရိုသီးရဲ့သစ်သီးရည်တွေကို ညီညီညာညာသုတ်လိမ်းလိုက်ပြီး မီးပေါ်မှာတင်ပြီး ကင်လိုက်တယ်။အကင်က ကျက်လုနီးပါးဖြစ်သွားပြီးနောက် လိန်းကျယ်ယူလာတဲ့ ချိုမြိန်တဲ့သစ်သီးရည်တွေနဲ့ နောက်တစ်ခေါက် သုတ်လိမ်းလိုက်ပြန်တယ်။ခဲယ်လ်တစ်နဲ့ရက်ဂါတို့ နှစ်ဦးသားက သူတို့နှစ်ယောက် သစ်သီးရည်နဲ့ အသားကင်နေတာကို စူးစမ်းလိုစိတ်ပြင်းပြစွာ ကြည့်နေကြတယ်။ရနံ့က လေနဲ့ပါလာပြီး နှစ်ယောပ်သားက ရှူသွင်းလိုက်တယ်။တော်တော်ကောင်းတာပဲ အနံ့လေးက။

ကင်ပြီးနောက် ပိုင်မုက ဓားနဲ့ သေးသေးလေးတစ်ပိုင်း လှီးလိုက်ပြီး အရသာမြည်းစမ်းလိုက်တယ်။အွန်း အဆင်ပြေတယ်။အနည်းဆုံး အရသာမရှိတာထက်တော့ ပိုကောင်းသေးတယ်။ညစာတည်ခင်းပြီးနောက် အသားကင်စားဖို့ မီးနားမှာ  လူအနည်းငယ်က စုရုံးလိုက်ပြီး အရသာရှိတဲ့စွပ်ပြုတ်ကို သောက်ခဲ့ကြတယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now