Chapter 14.1

5.4K 991 9
                                    

(Unicode)

အိမ်ပြန်လာတော့ အန်းချီလော့နဲ့နီရှိဇ၀က ညစာအဆင်သင့်ဖြစ်နေပြီ။စွပ်ပြုတ်နဲ့ အသားကင်ဖြစ်နေတုန်းပဲဆိုတော့ ပိုင်မုက မျက်မှောင်ကြုတ်သွားတယ်။ပိုင်မုက အခုတော့ သူ့ရဲ့အစာအိမ်လေး နာကျင်နေပြီလို့ ခံစားခဲ့ရပြီးတော့ သူ ဆက်ပြီး အဲ့ဒါကို မနှစ်သက်နိုင်တော့ဘူး။သူက တခြားအစားအစာတွေကို ရှာချင်တယ်။

ခဲယ်လ်တစ်က ပိုင်မုရဲ့ မျက်မှောင်ကြုတ်လိုက်တဲ့အမူအရာ မလွတ်သွားခဲ့ဘူး။သူ(ပိုင်မု)စားတာ အသားတစ်ခုထက်တောင်နည်းပြီး အဲ့ဒါက ခဲယ်လ်တစ်ကို စိတ်နှလုံးပူဆွေးစေတယ်။မဟုတ်သေးဘူး။သူက ပိုင်မုအတွက် မိန်းမပျိုတွေကြိုက်တတ်တဲ့အစားအစာမျိုးကို ရှာရတော့မယ်။မဟုတ်ရင် သူ့(ပိုင်မု)ခန္ဓာကိုယ်က မတ်မတ်ရပ်နိုင်ဖို့ ဖြစ်နိုင်မှာ မနိုင်ဘူး။

ပိုင်မုက ညဘက်မှာတော့ အိပ်မက်တစ်ခုမက်ခဲ့တယ်။အရင်က ကျိုးကျစ်ရွေ့နဲ့ အတူနေခဲ့တဲ့ ပျော်ရွှင်စရာဘ၀နဲ့ သူ့ရဲ့လက်ထပ်ပွဲမြင်ကွင်းကို အိပ်မက်,မက်နေခဲ့တာ။ပိုင်မုက ပြင်းပြင်းထန်ထန် ထထိုင်လိုက်ပြီး ချွေးတွေရွှဲနေခဲ့တယ်။

လုံး၀ကို မရင်းနှီးတဲ့ပတ်၀န်းကျင်မှာ အဲ့ဒီအကြောင်းကို သူမတွေးနေလောက်တော့ဘူးလို့ သူထင်နေခဲ့တာ။သူရဲ့အိပ်မက်ထဲမှာ ထိုအိပ်မက်ဆိုးကို မြင်ရဖို့ သူမမျှော်လင့်ထားခဲ့ဘူး။ဒီရက်တွေမှာ သူ့ကိုယ်သူအလုပ်များနေအောင် သူအလုပ်ပြင်းပြင်းထန်ထန်လုပ်နေခဲ့ပြီး သူ့(ကျိုးကျစ်ရွေ့)အကြောင်းတွေးဖို့ အချိန်မရှိခဲ့ဘူး။ခုထိ  မမေ့နိုင်သေးဘူးလား?

ပိုင်မုက အိပ်ချင်စိတ်ပျောက်သွားပြီး သူ့ရဲ့ကုတ်အင်္ကျီကို ၀တ်လိုက်ကာ ဖိနပ်စီးလိုက်ပြီးနောက် ဂူ၀င်ပေါက်ဆီကို လျှောက်လာပြီး ကောင်းကင်က ကြယ်တွေကို ကြည့်ဖို့ ထိုင်ချလိုက်တယ်။ ဒီနေရာက ကြယ်တွေလင်းလက်နေတဲ့ကောင်းကင်က သူငယ်ငယ်တုန်းက သူ့အဖွားရဲ့အိမ်မှာ မြင်ခဲ့ရတဲ့ကြယ်တွေနဲ့ တူတယ်။ တောက်ပနေတဲ့ကြယ်တွေပြည့်နေတဲ့ကောင်းကင်က မြို့ထဲမှာဆို အကြာကြီးမြင်နိုင်မှာမဟုတ်ဘူး။ပြီးတော့ သူ့ရဲ့မိဘတွေ ကောင်းကောင်းလုပ်နေပါ့မလား သူမသိဘူး။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now