Chapter 32.1

4.1K 761 4
                                    

(Unicode)

အိပ်ပျော်နေတဲ့ ပိုင်မုကိုကြည့်ပြီး၊ ခဲယ်လ်တစ်က ပိုင်မုပြောတဲ့အိမ်ဆိုတာကို သူတို့ လက်မထပ်ခင် ဆောက်ရမယ်လို့ တွေးလိုက်တယ်။  အခုသာ ပိုင်မုနဲ့ သူအချစ်တွေ လုပ်ရင်  သေချာပေါက် အန်းချီလော့နဲ့တပေါကို အကျိုးသက်ရောက်လိမ့်မယ်။

ပိုင်မုက အဲဒီညမှာ အဆင်မပြေတဲ့ တုံ့ပြန်မှုမျိုး ဘာတစ်ခုမပြဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့ပြီး သူ့ကို စိတ်ပူနေတဲ့ ခဲယ်လ်တစ်ကို စိတ်သက်သာရာရတဲ့ သက်ပြင်းချနိုင်စေခဲ့ပါတယ်။ နောက်တစ်နေ့မှာ ခဲယ်လ်တစ်က အရမ်းသိပ်မသိသာတဲ့ အမဲရောင်အဝိုင်းတစ်စုံဖျော့ဖျော့နဲ့ရှိနေချိန်မှာ ပိုင်မုက လန်းဆန်းစွာနဲ့  အိပ်ရာနိုးလာခဲ့တယ်။

ဒါပေါ့ ခဲယ်လ်တစ်နဲ့ ပိုင်မုတို့က တစ်ညလုံး အတူအိပ်ခဲ့ကြတယ်။ သေချာပေါက်ကို ဒါက အန်းချီလော့နဲ့ တပေါတို့ရဲ့ မျက်လုံးတွေကနေ မလွတ်သွားဘူး။  ကောင်လေးနှစ်ယောက်က မပြတ်မသားဖြစ်‌စေနိုင်တဲ့ သူခိုးလိုအပြုံးနဲ့ သူတို့ကို ကြည့်ခဲ့ကြတယ်။  ပိုင်မုက သူတို့ကို အေးအေးဆေးဆေး ကြည့်ခွင့်ပေးလိုက်တယ်၊ သူက မိန်းကလေးတစ်ယောက် မဟုတ်သလို ဇနီးလေးလည်း မဟုတ်တဲ့အတွက် သူက နည်းနည်းတော့ ရှက်နေတယ်။  သူတို့ နှစ်ယောက် ဘာမှလုပ်စရာမရှိကြဘူးလား။

  " ခဲယ်လ်တစ်၊ မျိုးနွယ်စု၀င်တွေ နေတဲ့ ဂူတွေမှာ ဒီလိုမျိုးဆင်တူတဲ့ အခြေအနေတွေကို လျှော့ချဖို့ တံခါးပေါက် ရှိသင့်တယ်လို့ ကျွန်တော်ထင်တယ် တချို့အကောင်တွေ တိုက်ခိုက်တာကို ခံရရင်တောင် ခဏလောက် ခံနိုင်ရည်ရှိနိုင်ပြီး orcs တွေ လာကယ်တဲ့အထိ စောင့်နိုင်တာပေါ့ " ဒီအဖြစ်အပျက်က ပိုင်မုကိုပြောပြခဲ့တယ်။  နိုးထလိုက်တော့ ဒီမှာ တံခါးတွေ မရှိဘူး။  သားကောင်တွေ ငှက်တွေ တိုက်ခိုက်တာခံရတဲ့အကြောင်းတွေ ထပ်မပြောရစေနဲ့တော့ ။  လူ ( သားရဲ )တွေကို ဖန်ဆင်းခံရတုန်းက orc စုံတွဲတွေသာ ရုတ်တရက် ကျူးကျော်ခံခဲ့ရရင် *ရပ်တန့်ခံရတာကို  ကြောက်ကြရလိမ့်မယ်လို့  သူတို့သိမှာမဟုတ်ဘူး ။ (ဒီစာသားက သိပ်မသေချာဘူး mtlက ဒီလိုရေးထားတာ  they would not know if they would be scared to stop.တဲ့ သိရင် ထောက်ပြပေးသွားကြပါဦး)

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now