Chapter 45.2

2.8K 469 3
                                    

Unicode

ကေစီနဲ့ဘန်ဆွန်တို့က အတူတူငါးဖမ်းဖို့  နေ့တိုင်း စမ်းချောင်းကို သွားကြတယ်။ သူတို့က နေ့လည်စာစားဖို့ ပိုင်မုရဲ့အိမ်ကို သွားခဲ့ကြပြီး မနက်ခင်းမှာ ဖမ်းမိထားတဲ့ငါးတွေကို ပိုင်မုနဲ့အခြားသူတွေ ဆားရည်စိမ်ဖို့အတွက် ပို့ပေးတယ်။ နေ့ခင်းကျရင်  စမ်းချောင်းမှာ ငါးဆက်မျှားကြပြီး ညနေရောက်ရင် ခဲယ်လ်တစ်ရဲ့အိမ်ကို ညစာအတွက် ငါးယူသွားပေးကြလိမ့်မယ်။

လတ်တလောမှာ ခဲယ်လ်တစ်ရဲ့အိမ်က အရမ်းအသက်ဝင်တယ်။ အေဘယ်နဲ့  အခြားသူတွေ စုဆောင်းထားတဲ့ အစားအစာအားလုံးက ဒီနေရာကို အပို့ခံရမှာဖြစ်ပြီး၊ ကူညီစီမံဆောင်ရွက်ပေးတဲ့ မိန်းမပျိုလေးတွေကလည်း ဒီနေရာမှာ စုဝေးမှာဖြစ်တယ်။ နောက်ကျရင် အေဘယ်နဲ့အခြားသူတွေက သူတို့ရဲ့ သားကောင်တွေနဲ့အတူ ပြန်လာကြမှာဖြစ်ပြီး ခဲယ်လ်တစ်ရဲ့အိမ်မှာ စုဝေးကြလိမ့်မယ်။ တဖြည်းဖြည်းနဲ့ ခဲယ်လ်တစ်ရဲ့အိမ်က လူစူလူဝေးဖြစ်လာပြီး ဂူက ငါးတွေကြောင့် ငါးညှီနံ့တွေ ပြည့်နှက်နေတယ်။

ပိုင်မုရဲ့နှာခေါင်းကို အဆက်မပြတ်ပွတ်သပ်နေပုံနဲ့ သူ့အိမ်ရဲ့လူစည်ကားနေတဲ့ အသွင်အပြင်ကိုကြည့်ရင်း၊ ခဲယ်လ်တစ်က မျိုးနွယ်စုခေါင်းဆောင်ကို ဆွေးနွေးဖို့ သွားရှာခဲ့ပြီး  တွဲဖက်ပွဲအခမ်းအနားအတွက် ပြင်ဆင်ဖို့ တောင်ခြေရင်းက အားနေတဲ့ဂူတစ်လုံး သူတို့ကိုပေးဖို့  တောင်းဆိုခဲ့တယ်။ဒါကို အနာဂတ်ကျရင်   တချို့လှုပ်ရှားမှုတွေအတွက် စုဝေးတဲ့နေရာအဖြစ်လည်း အသုံးပြုနိုင်တယ်လေ။ မျိုးနွယ်စုခေါင်းဆောင်ကလည်း သူတို့အိမ်ရဲ့အခြေအနေကို သိပြီး ခဲယ်လ်တစ်ဆီက ငါးညှီနံ့ကိုရပြီးနောက်  ပြတ်ပြတ်သားသားခေါင်းညိတ်လိုက်တယ်။

ဒါကြောင့် သူတို့ရဲ့လှုပ်ရှားမှုတွေ၊ စုဝေးမှုတွေ၊ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ နေရာက တာ့ဝူရဲ့အိမ်နဲ့သိပ်မဝေးတဲ့ တောင်ခြေရင်းက ဂူတစ်လုံးဖြစ်လာခဲ့တယ်။ ဆားနယ်ထားတဲ့ငါးတွေကိုလည်း အခြောက်လှန်းဖို့ အောက်ဘက်က ကွင်းပြင်နေရာကို ရွှေ့ပြောင်းခဲ့ပြီး ဂူအဝင်ဝမှာ အမှိုက်ဂေါ်တစ်ခုရှိကာ ဂူအတွင်းမှာတော့ ငါးလှန်းထားတဲ့အလွှာတစ်ခုရှိနေတယ်။ ဂူထဲက‌နေ ရံဖန်ရံခါရယ်မောသံတွေ ထွက်ပေါ်လာပြီး လူတွေ ပိုများလာတယ်။ ပိုင်မုက မျိုးနွယ်စုထဲက  လူတော်တော်များများကို သိတယ်။ ဒီရက်ပိုင်းတွေမှာ သူအလုပ်များနေပေမယ့်လည်း  အရမ်းစိတ်ချမ်းသာပြီး အရမ်းပျော်တယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now