Chapter 81

2.6K 348 3
                                    

Unicode

Chapter 81.1

"အင်း၊ ကျွန်တော် အခုထိ စိတ်ပိုင်းဆိုင်ရာ မပြင်ဆင်ရသေးရုံပါ" ပိုင်မုက သဘာဝမကျစွာပြောလိုက်တယ်။

"စိတ်မပူပါနဲ့ မင်းမှာ အချိန်အလုံအလောက်ရှိတယ်လေ ကလေးတစ်ယောက်လိုချင်တာက မလွယ်ကူဘူး" ခဲယ်လ်တစ်က ဒီလိုပြောလိုက်ပေမယ့် သူ့စိတ်ထဲမှာတော့ သူတို့ကိုယ်ပိုင်ကလေး,လေးလည်း အနာဂတ်မှာ ရှိလာမှာလို့ တွေးနေခဲ့တယ်။ သူဘာမှထပ်မပြောတော့ပဲ အဲ့ဒီအကြောင်းအရာကို ကျော်သွားပေးလိုက်ပါမယ်လေ။ ရှန်းကျစ်ယောင့်(ကိုယ်၀န်ဆောင်နိုင်စေတဲ့ဆေး)ရဲ့အကျိုးသက်ရောက်မှုက အစပိုင်းမှာဆို အကောင်းဆုံးဖြစ်တယ်။ ဒါပေမယ့် ဆေးရဲ့အကျိုးသက်ရောက်မှုက အနာဂတ်မှာ ပိုမိုဆိုးရွားသွားလိမ့်မှာဖြစ်တာကြောင့် သူကြိုးစားအားထုတ်ဖို့လိုနေပြီ။

"အင်း" ပိုင်မုက သူ့စိတ်ထဲမှာ ကလေးယူရမလား၊မယူရင်ကောင်းမလားဆိုတဲ့မေးခွန်းနဲ့ လုံးလုံးလျားလျား ရုန်းကန်နေရင်း စိတ်လွတ်စွာ ပြန်ဖြေလိုက်တယ်။

နတ်ဘုရားပွဲတော်ပြီးသွားတဲ့နောက် ဆောင်းရာသီ နီးကပ်လာတာနဲ့အမျှ orcs တွေက အစာပြင်ဆင်ဖို့ အလျင်အမြန်စလုပ်လာကြတယ်။အခု ဘန်ဆွန်က ကေစီဆီမှာ ကပ်တွယ်နေလုနီးပါးဖြစ်နေပြီး ကေစီကတော့ ပိုင်မုနောက်လိုက်ပြီး လှည့်ပတ်သွားလာရတာကို သဘောကျတာကြောင့် သူတို့နှစ်ဦးက ပိုင်မုရဲ့အိမ်မှာ ပုံမှန်ဧည့်သည်တွေဖြစ်လာခဲ့တယ်။ ပိုင်မုက သူတို့ စောစီးစွာအတူတူရှိသွားဖို့နဲ့ ကလေးလေး မွေးဖွားလာမှာကို စောင့်မျှော်နေတယ်။ သို့သော်လည်း မကြာသေးမီက သူတို့နှစ်ဦးစလုံး ဆောင်းရာသီအတွက် အစာသွားကောက်ဖို့ အပြင်ထွက်သွားကြတာကြောင့် ပိုင်မုကို နားပူနားဆာလုပ်ဖို့ လာခဲကြတယ်။(လာတာရှားပါးသွားတယ်)

ခဲယ်လ်တစ်နဲ့ ပတ်သက်ရင်တော့ သူတို့နှစ်ယောက်တွဲဖက်သွားပြီး‌နောက် သူက heat၀င်နေတဲ့ သားရဲကောင်ကြီးနဲ့တူလာတယ်လေ။ဒါကြောင့် ပိုင်မုက အိပ်ရာဝင်တဲ့အခါတိုင်း ကိုယ်ရည်ကိုယ်သွေးလုံးဝပြောင်းလဲသွားတဲ့ ဒီခြင်္သေ့ကို ငြင်းပယ်ရမယ်လို့ တွေးပေမယ့် သူ့ရဲ့ ထိလွယ်ရှလွယ်တဲ့ခန္ဓာကိုယ်က ခဲယ်လ်တစ်ရဲ့လှုပ်ရှားမှုတွေနဲ့အတူ အမြဲ အတင်းအဓမ္မကျူးလွန်ခံရလေ့ရှိတယ်။ဒါက သူ့ကို ဖြတ်ရိုက်နေသလိုပဲ။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now