Chapter 36.1

3.5K 603 0
                                    

Unicode

အချိန်တွေ တရွေ့ရွေ့ ကုန်လွန်လာတာနဲ့အမျှ ခဲယ်လ်တစ်နဲ့ တခြားသူတွေကို မတွေ့ရသေးပါဘူး။  နောက်ဆုံးတော့ ပိုင်မုနဲ့ အန်းချီလော့တို့က ကူကယ်ရာမဲ့စွာနဲ့ ပြေးထွက်ခါနီးမှာမှ ခဲယ်လ်တစ်က ပြန်လာခဲ့ပါတယ်။

  "ဘာလို့ အခုမှပြန်လာတာလဲ" သူဒဏ်ရာမရပဲ လုံလုံခြုံခြုံပြန်လာတာကိုမြင်ခဲ့ပြီး သူ(ခဲယ်လ်တစ်)ကတော့ ပိုင်မုက တစ်နေကုန် စိတ်ဆိုးနေမှာကိုပဲ စိုးရိမ်မိတယ်။ ဒါပေမယ့် တပေါက သူ့အစ်ကိုကြီးနားကို တန်းတန်းမတ်မတ်လာခဲ့ပြီး ဒဏ်ရာရမရ စစ်ဆေးနေပုံပါပဲ။

"အစ်ကိုကြီး လိန်းကျယ်ဘယ်မှာလဲ" အန်းချီလော့က လိန်းကျယ်ရဲ့ပုံရိပ်ကို မမြင်တဲ့အခါ ကမန်းကတန်းမေးလိုက်တယ်။

"အပြန်လမ်းမှာ တစ်ခုခုဖြစ်ခဲ့ပြီး လိန်းကျယ် ဒဏ်ရာရသွားတယ်" ခဲယ်လ်တစ်ကပြောပြီး သူ့သားကောင်ကို ချလိုက်တယ်။

"အစ်ကိုကြီး၊ သူဘယ်မှာရှိနေတာလဲ၊ သူ ဆိုးဆိုးရွားရွား နာကျင်နေလား" အန်းချီလော့က သူ့နှလုံးသားက လည်ချောင်းထဲမှာ ရောက်လုနီးနေပြီလို့ ခံစားလိုက်ရပြီး ခဲယ်လ်တစ်ရဲ့ လက်မောင်းကို ဆုပ်ကိုင်ရင်း စိတ်အားထက်သန်စွာ မေးလိုက်တယ်။

"မစိုးရိမ်ရပါဘူး ဒဏ်ရာနည်းနည်းပဲရတာပါ သူ ပတ်တီးစည်းဖို့ ကြီးမြတ်တဲ့စုန်းမဆီသွားတာ မကြာခင်ပြန်လာလိမ့်မယ် " ခဲယ်လ်တစ်က သူ့လက်ကို ပုတ်ပြီး စိတ်သက်သာရာရစေဖို့ အချက်ပြခဲ့ပါတယ်။ လိန်းကျယ်ရဲ့ဒဏ်ရာက မပြင်းထန်ဘူးလို့ကြားတဲ့အခါ အန်းချီလော့က စိတ်သက်သာရာရသွားတယ်။

"အစ်ကိုကြီး လိန်းကျယ်က ဒဏ်ရာရသွားတာလား ဘယ်လိုဒဏ်ရာရသွားတာလဲ"

"ငါတို့ ပြန်လာတုန်းက အာနာဂါမြစ်ထဲမှာ ဒဏ်ရာရနေတဲ့ ကျားတောင်ပံ orc တစ်ကောင်ကို တွေ့လိုက်ရတယ် လိန်းကျယ်နဲ့ငါ သူ့ကို ကယ်လိုက်တော့ လိန်းကျယ်ရဲ့ လက်က မြစ်ရေကို ထိမိသွားပြီး မြောပါလာတဲ့ သစ်ကိုင်းနဲ့ ခြစ်မိသွားတယ် သူပြန်လာတော့ မင်း စိတ်ပူမှာ ကြောက်တာကြောင့်မို့ သားကောင်နဲ့ ငါ့ကိုပြန်လာခိုင်း ပြီး မင်းကို ပြောခိုင်းလိုက်တာ ဒဏ်ရာရနေတဲ့ ကျားတောင်ပံမျိုးနွယ် orc ကို ဆေးကုဖို့ ကြီးမြတ်တဲ့စုန်းမဆီကို ခေါ်သွားပြီး သူ့ကိုလည်းပဲ ဒဏ်ရာကို ပတ်တီး နဲ့ စည်း‌ပေးထားတယ် " သူ့စကားကို နားထောင်ပြီးနောက် အန်းချီလော့က စိတ်သက်သာရသွားတဲ့ သက်ပြင်းတစ်ချက်ချလိုက်ပြီး တံခါးဆီကို ပြေးသွားကာ ပတ်ပတ်လည်ကို အဆက်မပြတ်ကြည့်နေခဲ့တယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now