Chapter 42.1

3.1K 510 3
                                    

Unicode

"Orcs တွေအားလုံးက မိသားစုတစ်ခုပဲလေ ကျုပ်က ဒီမှာနေပြီး တချက်ကြည့်ချင်ရုံပါ အဲ့ဒီနောက် ပြန်သွားပြီး ဒီမှာတွေ့ခဲ့ရတာတွေကို ကျုပ်ရဲ့လူတွေကို ပြန်ပြောပြမယ် ကျုပ်ရဲ့လူတွေက ခြင်္သေ့တောင်ပံမျိုးနွယ်စုကနေ သင်ယူနိုင်မယ်လို့ မျှော်လင့်ပါတယ်"  ဒီနေရာမှာ သူ့လူတွေ လိုအပ်တဲ့အရာတချို့ရှိပြီး သူက မျိုးနွယ်စုအတွက် တစ်ခုခုလုပ်ပေးချင်တယ်လို့ ဘန်ဆွန်က မျိုးနွယ်စုခေါင်းဆောင်ကို ရိုးသားစွာ ပြောခဲ့တယ်။

"ဒါတွေအားလုံးက ငါတို့ကို ကြီးမြတ်တဲ့ဘုရားသခင်က ပေးထားတာဖြစ်ပြီး ၊ ငါတို့က ငါတို့ရဲ့ ညီအစ်ကိုတွေကို ကူညီဖို့ ဆန္ဒရှိတယ် ဒါပေမယ့် မင်းရဲ့မျိုးနွယ်စုက ငါတို့အကူအညီလိုရင် ကူညီမယ်လို့ ကတိပေးရမယ်" Bayisတိုက်ကြီးပေါ်က orcမျိုးနွယ်စုတွေက အချင်းချင်း အရမ်းဖော်ရွေကြတယ်။ သူတို့အခက်အခဲတွေကြုံလာရတဲ့အခါ အချင်းချင်း ကူညီကြလိမ့်မယ်။ ဒါက  ဘယ်လိုအခက်အခဲမျိုး ကြုံရပါစေ orcsမျိုးနွယ်စုတွေ မျိုးသုဉ်းမသွားရတဲ့ အကြောင်းရင်းလည်း ဖြစ်ပါတယ်။

နတ်ဘုရားသံတမန်တွေ ယူဆောင်လာတဲ့ မှော်ဆန်တဲ့အရာတွေအတွက်တော့ အဲဒါက ကြီးမြတ်တဲ့ဘုရားသခင်ရဲ့ လက်ဆောင်လို့ သူတို့အားလုံးက ယူဆကြပြီး ဘုရားပေးတဲ့လက်ဆောင်က  အချင်းချင်း ဝေမျှသင့်တယ်။

"ဒါပေါ့၊ ဒါက ငါတို့တိုက်ကြီးရဲ့ အလိုအလျောက်ပေးထားတဲ့ ရွေးချယ်မှုပါပဲ" ဘန်ဆွန်က အရမ်းပျော်နေခဲ့တယ်။ ဒီတစ်ကြိမ်မှာ သူဒဏ်ရာမရခဲ့ဘူးဆိုရင် ခြင်္သေ့တောင်ပံမျိုးနွယ်စုမှာ နတ်ဘုရားသံတမန်တစ်ယောက်ရှိမယ်ဆိုတာ သူသိမှာမဟုတ်ဘူး။ သူအရင်က တခါမှမမြင်ဖူးတဲ့ ခြင်္သေ့တောင်ပံမျိုးနွယ်စုရဲ့ ပစ္စည်းတွေကိုကြည့်လိုက်ရင်း အဲ့ဒီနေရာမှာ သူမသိတဲ့အရာတွေ ဘယ်လောက်များများရှိမလဲဆိုတာကို နားလည်ဖို့ အနီးအနားကို အနည်းငယ်စောစောစီးစီး လိုက်ကြည့်ချင်တယ်။ ဒဏ်ရာသက်သာလာပြီးနောက် မျိုးနွယ်စုကို အမြန်ဆုံးပြန်ပြီး လေ့လာဖို့အတွက် တစ်စုံတယောက်ကို စေလွှတ်ဖို့ တောင်းဆိုရမယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now