Chapter 34.2

3.8K 627 11
                                    

(Unicode)

ဇွန်လကုန်ခါနီးထိတိုင်အောင် နေ့ရက်တွေက လျင်မြန်စွာ ကုန်လွန်သွားပြီး ရာသီဥတုက ပူသထက်ပိုပူလာခဲ့တယ်။  တိရိစ္ဆာန်သားရေပေါ်မှာ အိပ်တာက ရိုးရှင်းစွာနဲ့ ညှဉ်းပန်းခြင်းတမျိုးပါပဲ။ သည်းမခံနိုင်တော့တဲ့ပိုင်မုက ခဲယ်လ်တစ်ကို သူ့အတွက် အပြာရောင်သစ်သားကုတင်တစ်ခု လုပ်ခိုင်းတယ်။  မကြာခင်မှာပဲ ဒီလိုအေးမြတဲ့အိပ်ရာက မျိုးနွယ်စုတစ်ခုလုံးကို လွှမ်းခြုံသွားပြီး လူတိုင်းက ကြိုဆိုခဲ့ကြတယ်။

လယ်ကွင်းထဲက အာလူးနဲ့ ကန်စွန်းဥတွေကိုလည်း ရိတ်သိမ်းပြီး ကန်စွန်းနွယ်ပင်အားလုံးကို အပိုင်းပိုင်းခွဲပြီး စိုက်ပျိုးဖို့အတွက် မျိုးနွယ်စု၀င်တွေကို ဖြန့်ဝေပေးခဲ့တယ် ။  ကိရိယာပြဿနာကို ဖြေရှင်းဖို့အတွက် ပိုင်မုက သူတို့မူလကသုံးတဲ့ ကျောက်သားပေါက်ပြားကို အသုံးပြုဖို့သာ အကြံပြုနိုင်တယ်။  ကံကောင်းထောက်မစွာနဲ့ သားရဲလူသားတွေမှာ လူအင်အားများစွာရှိပြီး အဆင်မပြေမှုတစ်စုံတစ်ရာမှ မခံစားခဲ့ကြရဘူး။ ဒါပေမယ့် အာလူးတွေကို မျိုးနွယ်စုခေါင်းဆောင်ကသာ စနစ်တကျစိုက်နိုင်ပြီး မြေဧရိယာ အများအပြားက ပြန်လည်သိမ်းယူခံလိုက်ရကာ တစ်ပုံစံတည်း စိုက်ပျိုးခဲ့တယ်။  ရိတ်သိမ်းပြီးနောက်မှာ ညီတူညီမျှ ခွဲဝေပေးလိမ့်မှာဖြစ်တယ်။

အခု ပိုင်မုက အစားအစာအသစ်တွေကို များသထက်များအောင် ရှာဖွေချင်နေပြီး သူ့ဆီကနေ ချက်ပြုတ်တာလာသင်တဲ့ မိန်းမပျိုတွေ မကြာခဏ ရှိနေတတ်တာကြောင့် သူက အိမ်မှာပဲ အမြဲရှိနေရတတ်တယ်။  နောက်ပိုင်းမှာ လူတွေ ပိုများလာတဲ့အတွက် သူက မျိုးနွယ်စုခေါင်းဆောင်ကို တကွဲတပြားစီ လာနေတဲ့သူတွေကို  တစ်စုတစ်စည်းထဲ လာသင်ယူဖို့ လွှတ်ခိုင်းပြီး သူတို့တွေက တစ်ယောက်နဲ့တစ်ယောက်ဆီက သင်ယူလို့ရတာပေါ့ ။ ဒါက ပိုင်မုရဲ့ဝန်ထုပ်ဝန်ပိုးတွေကို လျှော့ချပေးတယ်။  မျိုးနွယ်စု၀င်တွေရဲ့ အစားအသောက်က ကောင်းသထက်ပိုကောင်းလာတယ်။

ပိုင်မုရောက်ရှိလာပြီးကတည်းက ခြင်္သေ့တောင်ပံမျိုးနွယ်စုက တဖြည်းဖြည်း ပြောင်းလဲလာခဲ့တယ်။ မျိုးနွယ်စုထဲက ဘယ်တစ်ယောက်ကမှ ပိုင်မုကို သေချာမသိကြပေမယ့် လူတိုင်းက သူ့ကို အရမ်းလေးစားကြတယ်။  သူအရင်က တခါမှမကြားဖူးတဲ့ မျိုးနွယ်စုဆီကို အရာတွေ အများကြီး ယူဆောင်လာပေးခဲ့ပြီး မသိလိုက်စွာနဲ့ဘဲ လူတိုင်းရဲ့ဘဝကို ပိုကောင်းအောင် လုပ်ပေးခဲ့တယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now