Chapter 60.1

2.2K 369 5
                                    

Unicode

"သား သေချာလုပ်မှာပါ" တပေါက သူ့ရဲ့ရင်ဘတ်လေးကို လက်နဲ့ပုတ်လိုက်ပြီး အာမခံလိုက်တယ်။

ပိုင်မုက ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး ခဲယ်လ်တစ်နဲ့အတူ သိုလှောင်ခန်းရှိတဲ့ ဂူငယ်လေးထဲကို ဝင်လိုက်တယ်။ နှစ်ယောက်သားက  နေရာလွတ်ထဲ မဝင်မီမှာ ဂူပေါက်ဝမှာ ကန့်လန့်ကာတစ်ခု ချိတ်ဆွဲလိုက်တယ်။

ခဲယ်လ်တစ်နဲ့ပိုင်မုတို့က ကျန်ရှိနေတဲ့ ကျောက်မီးသွေးကို နေရာလွတ်အတွင်းမှ ပထမဆုံးရွှေ့ထုတ်ခဲ့ပြီးနောက် အာလူး၊ ကန်စွန်းဥနဲ့ ပြောင်းကဲ့သို့သော အချိန်အကြာကြီးသိမ်းဆည်းထားနိုင်တဲ့ အစားအစာအချို့ကို အပြင်ထုတ်ပြီး သိုလှောင်ခန်းထဲမှာ စုပုံထားလိုက်ကြတယ်။

ရွေ့ထုတ်ပြီးနောက် ပိုင်မုက ခဲယ်လ်တစ်ကို ရိက္ခာပုံကိုကြည့်ရင်းနဲ့ စနောက်လိုက်တယ်။"ကျွန်တော်တို့နှစ်ယောက် အလုပ်တကယ်ကြိုးစားကြတာပဲ မျိုးနွယ်စုတစ်ခုလုံးကိုကျွေးနိုင်မယ်လို့တောင်ထင်ရတယ်"

"ကောက်ရိုးတွေ ရွှေ့ပြီးပြီလားလို့ သွားကြည့်ရအောင်" ခဲယ်လ်တစ်က ပြုံးလိုက်ပြီး ဂုဏ်ယူ၀င့်ကြွား‌နေတဲ့  ပိုင်မုကို သိုလှောင်ခန်းထဲကနေ ဆွဲထုတ်လိုက်တယ်။

"အစ်ကိုကြီးတို့ အရမ်းမြန်ကြတာပဲ" တပေါက ကောက်ရိုးချည်ဖို့ ကူညီပေးခဲ့ပြီး နောက်တစ်ကြိမ်ထပ်ရွှေ့ပြီးနောက် ရွေ့ပြောင်းတာပြီးသွားခဲ့တယ်။

"မင်းအိမ်မှာ နာနာခံခံနေခဲ့ မင်းရဲ့အစ်ကိုကြီးနဲ့ အဲ့ဒီကိုတချက်သွားကြည့်မယ်" ဝီရိယရှိတဲ့ခြင်္သေ့လေးကိုကြည့်ရင်း ပိုင်မုက သူ့ခေါင်းလေးကို မပွတ်သပ်ပဲမနေနိုင်ခဲ့ဘူး။ဒီနေရာက ကလေးတွေက တကယ်ကို နာခံတတ်ကြတယ်။

"ကောင်းပါပြီ စောစောပြန်လာကြနော်"

ခိုလှုံရာဂူမှာ ထူထဲတဲ့တိရိစ္ဆာန်သားရေကန့်လန့်ကာကို နောက်ဆုံးခြံစည်းရိုးမှာ ချိတ်ဆွဲထားပြီး မီးပုံတွေက တစ်ခုပြီးတစ်ခု ပေါ်ထွက်လာတယ်။အန်းချီလော့က လျင်မြန်စွာပြောင်းရွှေ့လာကြတဲ့လူအများအပြားအတွက် စွပ်ပြုတ်ပူပူကိုချက်ပြုတ်ထားတယ်။မြေပြင်ကိုလည်း ကောက်ရိုးထူထူနဲ့ ဖုံးအုပ်ထားပြီး ကောက်ရိုးပေါ်မှာ တိရစ္ဆာန်သားရေတစ်လွှာ ဖြန့်ခင်းထားတယ်။ အဲ့ဒါက ဒဏ်ရာရသူတွေနဲ့ ဖျားနာနေတဲ့ orcs တွေအိပ်ဖို့ စီစဉ်ပေးထားတာဖြစ်တယ်။တာ့ဝူက ဒဏ်ရာရသူတွေနဲ့ဖျားနေတဲ့သူတွေကို ကုသပေးဖို့ လူအုပ်ကိုဖြတ်ပြီး ပြေးလာတယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now