Chapter 65.2

2.2K 372 3
                                    

Unicode

Chapter 65.2

ထို့နောက် တာ့၀ူကို အလျင်အမြန်သွားရှာလိုက်ပြီး သူ့အစ်ကိုကြီးအဖျားရှိနေတယ်လို့ ပြောပြလိုက်တယ်။ ခဏကြာတော့ တပေါက ဆေးရည်ပန်းကန်လုံးနဲ့ ပြန်လာတယ်။

"အစ်ကိုကြီးပိုင်မု တာ့ဝူက အစ်ကိုကြီး ဆေးသောက်သင့်တယ်လို့ပြောတယ်" တပေါက ဆေးကို ပိုင်မုဆီ ဂရုတစိုက်ပေးလိုက်တယ်။ လူအနည်းငယ်လောက် ရုန်းကန်ခဲ့ရပြီးနောက် နောက်ဆုံးမှာ ခဲယ်လ်တစ်က ဆေးကို သောက်နိုင်ခဲ့တယ်။

အဲ့ဒီအချိန်မှာ လိန်းကျယ် နိုးလာခဲ့တယ်။ ဒီနေရာပတ်ဝန်းကျင်က အနားယူဖို့ အမှန်တကယ် မသင့်တော်ပါဘူး။သူ နိုးလာတဲ့အခါ ခေါင်းကိုက်ပြီး မောပန်းနွမ်းနယ်မှုကို ခံစားရတယ်။ လိန်းကျယ် နိုးလာတာကို အန်းချီလော့က မြင်လိုက်ပေမယ့်လည်း သူ့မျက်နှာမှာ နီရဲနေပြီး ပုံမှန်မဟုတ်နေဘူး။ အန်းချီလော့ရဲ့မျက်နှာက ပြောင်းသွားပြီး လိန်းကျယ်ရဲ့ နဖူးကို စစ်ဆေးဖို့ လက်လှမ်းလိုက်တယ်။သူက ပူပြင်းတဲ့အပူချိန်ကြောင့် ကြောက်ရွံ့ထိတ်လန့်သွားပြီး ထဖို့လုပ်နေတဲ့ လိန်းကျယ်ကို လျင်မြန်စွာ ဖိလိုက်ကာ တိရစ္ဆာန်သားရေနဲ့ ခြုံလွှမ်းပေးလိုက်တယ်။ အန်းချီလော့က တပေါကို ဆေးယူဖို့အတွက် တာ့ဝူကို သွားရှာခိုင်းလိုက်ပြီး စိုစွတ်တဲ့ မျက်နှာသုတ်ပုဝါကို လိန်းကျယ်ရဲ့နဖူးပေါ် တင်လိုက်တယ်။

တာ့ဝူက ညဘက်မှာ ဖြစ်ပျက်လာမယ့်အရာတွေကို ကြိုတင်မျှော်မှန်းထားပြီး လူတိုင်းကို ဖြန့်ဝေဖို့ ဆေးများစွာကို ပြင်ဆင်ထားတယ်။ တပေါက ဆေးကို အမြန်ပြန်ယူလာကာ လိန်းကျယ်ကို တိုက်ကျွေးစေလိုက်တယ်။

"အန်းချီလော့ ကိုယ်အဆင်ပြေတယ် စိတ်မပူပါနဲ့" လိန်းကျယ်က လဲလျောင်းလိုက်ပြီး စောင်ကိုခြုံလိုက်ကာ အန်းချီလော့ကို သက်တောင့်သက်သာ ပြုံးပြလိုက်တယ်။

"စကားမပြောနေပါနဲ့တော့ မြန်မြန်အနားယူလိုက်ပါ" သူ့တစ်ကိုယ်လုံး ပူကျစ်နေတာကို စိတ်မပူအောင် ဘယ်လိုလုပ်ရမလဲ။

ခဲယ်လ်တစ်နဲ့လိန်းကျယ်က ကျန်းမာရေးကောင်းမွန်ပြီး ဆေးသောက်ပြီးနောက် အဖျားပျောက်သွားကာ ပိုင်မုတို့သုံးယောက်သားက အဲ့ဒီတော့မှ သက်ပြင်းချနိုင်ခဲ့တယ်။ ထိုညက ဂူထဲမှာ တိတ်ဆိတ်ငြိမ်သက်ခြင်းမရှိတဲ့အပြင် ရံဖန်ရံခါထွက်လာတဲ့ ငိုသံက လူတိုင်းကို ပိုပြီး စိတ်ဓာတ်ကျစေတယ်။ခဲယ်လ်တစ်နိုးလာတဲ့အခါ သူ့ကို အိမ်ပြန်ခေါ်သွားရမယ်လို့ ပိုင်မု တွေးလိုက်တယ်။ ဒီပတ်ဝန်းကျင်က ပြန်လည်ကောင်းမွန်လာဖို့ တကယ်ကို မသင့်တော်သလို အိမ်မှာပဲ ပြုစုစောင့်ရှောက်ရတာကလည်း အဆင်ပြေပါတယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now