Chapter 16.1

5.5K 914 22
                                    

(Unicode)

ညကျတော့ ပိုင်မုက နေရာလွတ်ထဲကို ၀င်ခဲ့ပြီး သူစိုက်ခဲ့တဲ့ခရမ်းချဉ်သီးတွေနဲ့ဖရဲသီးတွေက မြေပြင်တစ်ခုလုံးအပြည့်ရှိနေတာကို မြင်လိုက်ရတယ်။သူက ပတ်၀န်းကျင်က သစ်တောဆီကို အလျင်စလိုနဲ့ ဓားယူသွားပြီး အကိုင်းအခက်တချို့ခုတ်လိုက်ကာ စင်တစ်ခုစဆောက်လိုက်တယ်။ကံအားလျော်စွာနဲ့ ဖရဲသီးက အရမ်းမကြီးထွားသေး‌တာကြောင့် ၎င်းက ခနကြာရင် တည့်တည့်ဖြစ်သွားလိမ့်မယ်။(T/N-ဖရဲသီးတွေက စင်ပေါ်တက်သွားမှာကိုပြောတာနေမယ်)

လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်က စူးစမ်းလေ့လာမှုတွေမှတဆင့် နေရာလွတ်ထဲမှာ ဟင်းသီးဟင်းရွက်တွေ ကြီးထွားဖို့အတွက် အချိန်ခွဲဖို့မလိုအပ်ဘူးဆိုတာ ပိုင်မုက ရှာတွေ့ခဲ့တယ်။ပြီးတော့ အပင်စိုက်ပျိုးပြီးနောက် ကြီးထွားတာအရမ်းမြန်ဆန်တယ်။ပထမဆုံးရက်မှာ မြေပြင်ပေါ်က ဖွံ့ဖြိုးကြီးရင့်လာတဲ့ဟင်းသီးဟင်းရွက်တွေကို သူသိမ်းပြီးပြီ။ဒုတိယရက်မှာတော့ ပိုပြီးကြီးရင့်လာကြတယ်။သူတို့ထဲက အများအပြားက အစေ့တွေတောင် ကျနေပြီး တတိယရက်မှာတော့ ဆွေးလုနီးပါးတောင်ဖြစ်နေပြီ။

သူက မီးဖိုချောင်ထဲမှာ အခန်းငယ်လေးတစ်ခုကိုလည်း ရှာတွေ့ခဲ့ပြီး ဆန်ခေါက်ဆွဲအချို့၊ ကန်စွန်းဥတွေနဲ့ အာလူးတွေလည်းရှိကာ ၎င်းက သိသိသာသာကို သိုလှောင်ခန်းတစ်ခန်းဖြစ်တယ်။သိုလှောင်ခန်းက ၁၀စတုရန်းမီတာလောက်ရှိတယ်။အာလူးတွေက ပတ်၀န်းကျင်အခြေအနေကြောင့် လတ်ဆတ်စွာသိမ်းဆည်းထားခံရပြီး ရေဓာတ်မဆုံးရှုံးသလို အစို့အညှောက်တွေလည်း မပေါက်နေဘူး။၎င်းက လတ်လတ်ဆတ်ဆတ်သိမ်းဆည်းထားတဲ့လုပ်ငန်းစဉ်ရှိနေတယ်။ပိုင်မုက ဖွံ့ထွားရင့်မှည့်နေတဲ့ဟင်းသီးဟင်းရွက်တွေကို မြေပေါ်မှာထားဖို့ ကြိုးစားလိုက်ပြီး ၎င်းတို့က အခြေအနေဆိုးရွားလာမှာမဟုတ်တာကို ရှာတွေ့သွားလို့ လုံး၀ကို အံ့အားသင့်နေခဲ့တယ်။

ပိုင်မုက ကွင်းပြင်ထဲက အလုပ်တွေကို ဂရုစိုက်လိုက်ပြီး အရမ်းပင်ပန်းနွမ်းနယ်သွားတယ်။ဟေး နေ့တိုင်း ညလယ်မှာ လယ်ထဲလာရရင်တော့ သူတကယ်ကို ပင်ပန်းမိမှာပဲ။သူက သူ့‌ဘေးပတ်ပတ်လည်က အုံ့ဆိုင်းနေတဲ့တောအုပ်ကို ကြည့်လိုက်ပြီး သစ်တောထဲကို ကြည့်လိုက်တဲ့အခါ အစီအစဉ်ဆွဲနေခဲ့တယ်။ပြီးတော့ တိရိစ္ဆာန်ငယ်လေးတွေကို အထဲထည့်ထားရမယ်။ဒီနေရာလွတ်က ကောင်းပေမယ့် အသက်ရှင်နေတဲ့အရာတွေ မရှိဘူး။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now