Chapter 52.2

2.4K 422 11
                                    

Unicode

Chapter 52.2

လင်းယုန်ကြီးရဲ့ခြေသည်းတွေက ပိုင်မုကိုင်ထားတဲ့ အိုးအဖုံးနဲ့ ထိမိသွားပြီးနောက် တံစဉ်နဲ့ချိတ်မိဖို့ ပိုင်မုက သူ့တစ်ကိုယ်လုံးရဲ့ခွန်အားကို အသုံးပြုခဲ့ပြီး သွေးတွေ ဖြာထွက်သွားတယ်။ လင်းယုန်ကြီးရဲ့ခြေသည်း‌တစ်ဖက်က အဖြတ်ခံလိုက်ရပြီး နောက်တစ်ဖက်ကလည်းပဲ ဖြတ်တောက်ခံလိုက်ရတယ်။ လင်းယုန်ကြီးက ပြင်းပြင်းထန်ထန်အော်ဟစ်လိုက်ပြီး လေထဲကနေ ပြုတ်ကျသွားတယ်။ပိုင်မုရဲ့တိုက်ခိုက်မှုက အဲ့ဒီနေရာမှာပဲ မရပ်တန့်နေခဲ့ဘူး။ သူက သူ့လေးကို မြှောက်လိုက်ပြီး လင်းယုန်ကြီးရဲ့မျက်လုံးတွေကို ချိန်ရွယ်လိုက်တယ်။ ဒါက ကြုံတောင့်ကြုံခဲထိချက်တစ်ခုဖြစ်ပြီး လင်းယုန်ကြီးရဲ့ အော်ဟစ်သံက ပိုတောင်ဆိုးလာခဲ့တယ်။

အဲ့ဒီအချိန်မှာ ခြင်္သေ့လေး ငါးယောက်၊ခြောက်ယောက်လောက်က အချိန်ကိုက်မြင်သွားပြီး အကောင်နည်းနည်းပိုကြီးမားတဲ့ခြင်္သေ့လေး(တပေါ)က   လင်းယုန်ကြီးကို သူ့ရဲ့လက်သည်းတွေ၊ သွားတွေနဲ့ သတ်ပစ်လိုက်တယ်။(ဘာလို့ပိုကြီးလဲဆို အဆီတွေနဲ့၀နေလို့လေ🤭)

အောင်ပွဲခံနိုင်သွားတဲ့ ခြင်္သေ့လေးက  အားတက်သွားတယ်။ စိတ်အားတက်ကြွနေတာကို အဆုံးရှုံးမခံပဲနဲ့ ခြင်္သေ့လေးတွေက လင်းယုန်ကြီးကို ခဲယ်လ်တစ်ရဲ့အိမ်‌ဆီ အကျိုးသင့်အကြောင်းသင့်ဖြစ်အောင် သယ်ဆောင်သွားခဲ့တယ်။

ပိုင်မုကလည်း ကြိုးကိုဆွဲပြီး ခက်ခက်ခဲခဲနဲ့ အိမ်ပြန်ရောက်လာတယ်။လင်းယုန်ကြီးရဲ့၀မ်းနည်းဖွယ်ရာသေဆုံးမှုကို ကြည့်လိုက်ရင်း ပိုင်မုက အနည်းငယ်ကြောက်ရွံ့သွားသလို ခံစားလိုက်ရတယ်။ ခြင်္သေ့လေးတွေက နောက်လာမယ့် ညွှန်ကြားချက်ကို စောင့်မျှော်နေပြီး  ဒီနေရာမှာ ယုံကြည်ချက်ရှိစွာနဲ့ စုရုံးနေကြတယ်။

"အစ်ကိုကြီးပိုင်မု သားတို့ဘာဆက်လုပ်ရမလဲ" တပေါက ပိုင်မုကို စိတ်အားထက်သန်စွာ ကြည့်နေတယ်။ ဒီ orcs လေးတွေက နောက်ဆုံးမှာ သူတို့ရဲ့အခန်းကဏ္ဍကို လုပ်ဆောင်နိုင်ခဲ့တယ်လေ။ သူတို့ ဘယ်လိုစိတ်မလှုပ်ရှားပဲ နေနိုင်မှာလဲ။ ခြင်္သေ့လေးတစ်အုပ်စုက ပိုင်မုကို စိတ်အားထက်သန်တဲ့မျက်၀န်းတွေနဲ့ ကြည့်လိုက်ကြတယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now