Extra 3

5K 525 28
                                    

Unicode

Chapter 93 Extra 3

ခဲယ်လ်တစ်တို့အိမ်ရဲ့ ခြံဝင်းထဲမှာရှိနေတဲ့ ပန်းတွေနဲ့ သစ်သီးတွေက စိမ်းလန်းစိုပြေနေပြီး တံစက်မြိတ်အောက်ကနေ နို့ခဲရယ်သံလေးတွေ ထွက်လာတယ်။ တံစက်မြိတ်အောက်ရှိ ကြီးမားတဲ့မြက်ဖျာကြီးပေါ်မှာ အရွယ်အစား အမျိုးမျိုးရှိတဲ့ ခြင်္သေ့ငယ်လေးတစ်စု ကစားနေတာကို မင်းတွေ့ရလိမ့်မယ်။ အနီးကပ်ကြည့်လိုက်ရင် ခြင်္သေ့ဝတ်စုံဝတ်ထားတဲ့ ပန်းရောင်အရုပ်လေးနှစ်ရုပ် ရှိနေတာကိုပါ တွေ့ရပါလိမ့်မယ်။ ပိုကြီးတဲ့တစ်ယောက်က ပိုင်မုတို့မိသားစုမှ ရွေ့ရွေ့ဖြစ်ပြီး အငယ်လေးကတော့ ကေစီတို့မိသားစုမှ မိန်းမပျို‌ငယ်လေးဖြစ်တယ်။ သူ့နာမည်က ဘဲလ်(ခေါင်းလောင်းလေး)ဖြစ်ပြီး သူ့ရဲ့နာမည်ပြောင်ကတော့ ပေ့ပေ့ဖြစ်ပါတယ်။

ပေ့ပေ့လေးက သူ့အမေနဲ့ အဖေ မျှော်လင့်ထားသလိုပါပဲ။ သူလေးက အရုပ်လေးတစ်ရုပ်နဲ့တူပြီး ဆံပင်က ငွေရောင်၊ မျက်လုံးတွေကတော့ ရွှေရောင်ပါ။ ကေစီနဲ့ ဘန်ဆွန်တို့က သူ့ကို အရမ်းမြတ်နိုးကြတယ်။ ရွေ့ရွေ့ကလည်း သူနဲ့တူတဲ့ ဒီညီလေးကို သဘောကျတယ်။ သူ့မှာ ငယ်ငယ်လေးကတည်းက အစ်ကိုကြီးတစ်ယောက်ရဲ့ စိတ်နေသဘောထားမျိုး ရှိနေပြီ။ ဒါပေမယ့် သူက နှစ်နှစ်သားအရွယ် နို့ခဲအရုပ်လေးမို့ အစ်ကိုကြီးတစ်‌ယောက်ရဲ့ ကိုယ်နေဟန်ထား လုပ်ထားရင် ဘယ်လောက်ချစ်ဖို့ကောင်းလဲဆိုတာ မပြောပါနဲ့တော့ ။ အယ်လီတို့မိသားစုမှ ကိုးလ်စ်ကလည်း ပေ့ပေ့ကိုအရမ်းသဘောကျပြီး ပေ့ပေ့နားမှာပဲ အမြဲတမ်းကပ်ချင်နေလေ့ရှိတယ်။

"ခယ့်ခယ့် မလှုပ်နဲ့ ပေ့ပေ့က မတ်တပ်ရပ်" ရွေ့ရွေ့ရဲ့ ကြီးမားတဲ့ အနက်ရောင်မျက်လုံးဝိုင်းဝိုင်းလေးတွေက မှိတ်တုတ်မှိတ်တုတ်ဖြစ်နေပြီး ပန်းနုရောင် ပါးမို့လေးတွေကတော့ ဖောင်းနေတယ်။ဒါက အခုချိန်မှာ သူဒေါသထွက်နေတယ်လို့ ညွှန်ပြနေတာပဲ။

"ရွေ့ရွေ့ ငါက မင်းနဲ့ ကစားချင်ရုံပါ  ကိုကို(co co)ကို ပေ့ပေ့နဲ့ ကစားခွင့်ပေးလိုက်လေ" ပိုကြီးတဲ့ ခြင်္သေ့ညိုကြီးက ရွေ့ရွေ့ကို စိုက်ကြည့်နေတယ်။

🎉 You've finished reading နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓ 🎉
နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now