Chapter 85

2.5K 355 2
                                    

Unicode

Chapter 85.1

စစ်သည်တွေကို တာ၀န်ခွဲဝေပေးပြီးနောက်  တိုက်ခိုက်ရမယ့် ပထမလူအုပ်စုမှာ ခဲယ်လ်တစ်ရဲ့တာဝန်အလှည့် မပါ၀င်သေးပါဘူး။ သူ အနားပြန်ယူနိုင်​ကြောင်းသိ​တော့ အိမ်ကို အလျင်စလိုပြန်​လာခဲ့တယ်။ ပိုင်မုနဲ့ တခြားသူတွေ အခုဘာတွေလုပ်နေမလဲဆိုတာ သူမသိဘူး။

သူအိမ်ပြန်ရောက်တော့ ပိုင်မုက အိပ်ပျော်နေဆဲပင်ဖြစ်ပြီး အန်းချီလော့က သူ့အစ်ကိုကြီး ပြန်လာတာကိုတွေ့တော့ တိတ်တိတ်နေဖို့ အမူအရာလုပ်ပြတယ်။ ခြင်္သေ့ငယ်လေးက လေအေးမဝင်လာစေဖို့ တံခါးကို လျင်မြန်စွာပိတ်လိုက်တယ်။

တိုက်ပွဲဖြစ်နေတာကို မြင်ပေမယ့် ပိုင်မုကို မတွေ့ရတာကြောင့် ခဲယ်လ်တစ်က ပိုင်မုတစ်ခုခုဖြစ်သွားမှာကို စိုးရိမ်နေခဲ့တာ။ သူက အန်းချီလော့ကို အလျင်စလိုမေးမြန်းလိုက်တယ်။ "ပိုင်မုဘာဖြစ်နေတာလဲ?"

"သူ နည်းနည်းအဆင်မပြေဖြစ်နေတာ အခုထိ အိပ်ပျော်နေတုန်းပဲ တပေါရဲ့အခန်းကို သွားပြီးတော့ စကားပြောကြရအောင်" အန်းချီလော့က တိုးတိုးလေး ပြန်ဖြေတယ်။

"ငါ ပိုင်မုကို အရင်သွားကြည့်ဦးမယ်" ခဲယ်လ်တစ်က စကားပြောပြီးနောက် အိပ်ခန်းထဲ ပေါ့ပေါ့ပါးပါး၀င်သွားပြီး ခန်ကုတင်ပေါ်မှာ မို့ဖောင်းနေတဲ့ စောင်လုံးတစ်ခုရှိနေတာကို တွေ့လိုက်ရတယ်။ အနည်းငယ်လှိုင်းထနေတဲ့ အရာသာ ရှိမနေခဲ့ရင် ၎င်းက ဒီတိုင်း တိရိစ္ဆာန်သား‌ရေစောင်ပုံကြီးလို့ လူတွေကိုထင်စေလိမ့်မယ်။

ခဲယ်လ်တစ်က ခန်ကုတင်အစွန်နားကို ချဉ်းကပ်လာပြီး တစ်ဖက်လူရဲ့ အသားအရေပေါ်မှာ အစိမ်းရောင်ချည်မျှင်အနည်းငယ် ကပ်နေတာကို တွေ့လိုက်ရတယ်။ သူက သားရေစောင်ကို အသာအယာဆွဲချလိုက်ပြီး ပိုင်မုရဲ့ချိုမြိန်စွာ အိပ်စက်နေတဲ့ မျက်နှာလေးကို ဖော်ထုတ်လိုက်တယ်။ နီမြန်းနေတဲ့ အသားအရေနဲ့ အေးချမ်းစွာ အိပ်ပျော်နေတဲ့ ပိုင်မုကို မြင်လိုက်ရတော့ ခဲယ်လ်တစ်က စိတ်သက်သာရာရတဲ့ သက်ပြင်းတစ်ချက်ချလိုက်တယ်။

သူက ကုတင်ဘေးမှာထိုင်ကာ အချိန်အတော်ကြာ စောင့်ကြည့်နေခဲ့ပြီး တိတ်တိတ်လေး ပြန်မထွက်ခွာသွားခင်ထိ ပိုင်မုက အဆင်မပြေဖြစ်နေတဲ့ အမူအရာမပြဘဲ အသံသဲ့သဲ့မြည်ပြီး အိပ်ပျော်နေတာကိုသာ ‌မြင်ခဲ့ရတယ်လေ။ထို့နောက် သူက ဘေးခန်းရှိ တပေါရဲ့အခန်းကို ရောက်လာပြီး အန်းချီလော့နဲ့ တပေါတို့ကတော့ ခန်ကုတင်ပေါ်မှာ သူ့ကို စောင့်နေပြီဖြစ်တယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now