Chapter 12.1

5.9K 976 9
                                    

(Unicode)

ကျောက်သားအိုး

ညနေခင်းမှာ နီရှိဇ၀ကလည်း တူတူစားဖို့ နေခဲ့ပြီး လိန်းကျယ်ကလည်းပဲ တူတူစားဖို့ ခဲယ်လ်နောက်ကို လိုက်လာခဲ့တယ်။စားနေတဲ့အချိန်မှာ ပိုင်မုရဲ့တူတွေက အသုံး၀င်လာပြီ။လူတိုင်းက သူ တုတ်ချောင်းသေးသေးနှစ်ချောင်းကိုင်ထားပြီး ကျွမ်းကျွမ်းကျင်ကျင်နဲ့ မြေအိုးထဲက  အသားနဲ့ဟင်းသီးဟင်းရွက်ရိုင်းတွေကို ကောက်ယူလိုက်ကာ ပန်းကန်လုံးထဲ သူတို့ကို ထည့်လိုက်တာကို တွေ့ခဲ့ကြတယ်။အဲ့ဒါက အရမ်းကျွမ်းကျင်တဲ့အသုံးပြုမှုပဲလို့ သူတို့တွေးခဲ့တယ်။

ပိုင်မုက သူတို့တစ်ယောက်ချင်းစီတိုင်းကို အပြာရောင်သစ်သားနဲ့လုပ်ထားတဲ့ခွက်နဲ့ ဝါးတူတစ်စုံကို ပေးခဲ့တယ်။အဲ့ဒါတွေကို သူ နေ့လည်က လုပ်ထားခဲ့တာ။ဒီမှာ ဖော့မရှိတာကြောင့် အပြာရောင်သစ်သားခွက်တွေက အလုံတော့ ပိတ်မနေဘူး။

"ပြန်ကြည့်,ကြည့်ပါ ရေဖိတ်တာကနေ ထိန်းသိမ်းဖို့ အ၀ကို ဆို့ဖို့ဖော့တစ်ခုကို မင်းတို့ရှာတွေ့နိုင်ပါတယ် ဒါဆို မင်းတို့တောထဲသွားတဲ့အချိန် အဲ့ဒါကို သုံးနိုင်တယ်"ပိုင်မုက   အဲ့ဒါကို ဘယ်လိုသုံးရမလဲဆိုတာမသိတဲ့လူတိုင်းကို သရုပ်ပြဖို့ သူ့ရဲ့ခွက်ကို အသုံးပြုနေတယ်။

"ဒါက တကယ်ကို အဆင်ပြေတာပဲ အစာစုဆောင်းဖို့ ကျွန်တော်တို့အပြင်ထွက်တဲ့အခါကျရင် ရေသောက်ဖို့ကို ပူပင်နေစရာမလိုတော့ဘူး"နီရှိဇ၀က ရေခွက်ကို ကိုင်ထားပြီး လက်ထဲက မချနိုင်ဖြစ်နေတယ်။အန်းချီလော့ကလည်း သူနဲ့တူတူပဲ။

ခြ‌င်္သေ့လေးကလည်းပဲ ၎င်းကို အရမ်းသဘောကျနေတယ်။သူက မနက်ဖြန်ကျရင် သူ့သူငယ်ချင်းတွေကို ကြွားဖို့တောင် အစီအစဉ်ဆွဲပြီးပြီ။သူတို့ရဲ့မနာလိုဖြစ်နေတဲ့အမူအရာတွေကို တွေးနေမိတာကို မရပ်နိုင်ဘူး။အရွယ်ရောက်orcနှစ်ယောက်က ပိုပြီးထိန်းထားဖို့ လုပ်ခဲ့ကြပြီး ခံစားချက်အများကြီး မပြခဲ့ကြဘူး။သူတို့ကလည်းပဲ သူတို့ရတဲ့လက်ဆောင်တွေကို သဘောကျကြတယ်။

လူတိုင်းက သူပေးတဲ့လက်ဆောင်ကို သဘောကျကြတာတွေ့တဲ့အခါ ပိုင်မုက အရမ်းပျော်ရွှင်ကျေနပ်သွားတယ်။အထူးသဖြင့် လူတိုင်းက သူနဲ့အတူ တူကိုင်တာကို သင်ယူဖို့ ကိုးရို့ကားယားကိုင်ထားကြတဲ့အခါ အဲ့ဒါက သူ့ကို နေ့လည်တုန်းက လုံ့လစိုက်လိုက်တာက တန်တယ်လို့ ခံစားရစေတယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now