Chapter 38.1

3.7K 565 22
                                    

Unicode

"ကောင်းပြီလေ !" ပိုင်မုက ရိုးရိုးရှင်းရှင်းပဲ ပြန်ဖြေတယ်။  တကယ်တော့ သူ ဒီကို ရောက်နေတာ လအတော်ကြာနေပြီ။ ခဲယ်လ်တစ်က သူ့ကို ဘယ်လောက်ကောင်းတယ်ဆိုတာကို သူသိပြီး သူက သူ့(ခဲယ်လ်တစ်)ကို  လုံး၀ ခံစားချက်မရှိသေးပါဘူး။  သူက အတိတ်ကို လုံးလုံး မမေ့နိုင်သေးပေမယ့်လည်း ဒီလူက အတိတ်က စိတ်ဒဏ်ရာတွေကို မေ့ပျောက်စေကာ ပျော်ရွှင်မှုတွေ ယူဆောင်လာပေးနိုင်မယ်လို့ သူထင်ပါတယ်။

"မင်းလက်မခံချင်ရင် ကိုယ်စောင့်နိုင်... ခနလေး ...ခနလေး" ခဲယ်လ်တစ်က  ပိုင်မု သဘောမတူမှာကို စိုးရိမ်လို့ စိတ်ပျက်အားငယ်မှုအချို့နဲ့အတူ ပြောလိုက်တယ်။  ဒါပေမယ့် မှားနေသလိုပဲ။ သူလက်ခံတယ်လို့ ပြောတာကို အခုလေးတင် ကြားလိုက်ရပုံပေါ်တယ်။

ခဲယ်လ်တစ်က ပိုင်မုကို မယုံနိုင်စွာ ကြည့်နေခဲ့ပြီး အထစ်ထစ်အငေါ့ငေါ့ပြောလိုက်တယ်။ "မင်း ၊ မင်းပြောလိုက်တာ အမှန်ပဲလား " သူ့နှလုံးသားက တဒိတ်ဒိတ်ခုန်နေပြီး သူ့မျက်လုံးတွေက အံ့အားသင့်မှုတွေ နဲ့ ပြည့်နှက်နေတယ်။

"ဟုတ်တယ်" သူ့ရဲ့ကြောင်တောင်တောင်အကြည့်ကိုမြင်တော့ ဒီလူက တကယ်ချစ်စရာကောင်းတယ်လို့ ပိုင်မုခံစားရတယ်။

"ကိုယ်အဲ့ဒါကို ကြားလိုက်ရတယ် ဟုတ်တယ်ဟုတ် " ခဲယ်လ်တစ်က နည်းနည်းမယုံသင်္ကာဖြစ်နေတယ်။ ပျော်ရွှင်မှုက ရောက်လာတာ အရမ်းမြန်လွန်းတယ်။

"မင်းရဲ့နားတွေ အဆင်ပြေတာ ငါမှတ်မိတယ်" ပိုင်မုက သူ့လက်ကို ခါလိုက်တယ်။  ဒါပေမယ့် နောက်အခိုက်အတန့်မှာတော့ သူက နွေးထွေးပြီး ထူထဲတဲ့ ပွေ့ဖက်မှုနဲ့ ပွေ့ဖက်ခံလိုက်ရတယ်။

ခဲယ်လ်တစ်က သူထွက်ပြေးမှာ စိုးရိမ်လို့ ပိုင်မုကို တင်းကျပ်စွာ ပွေ့ဖက်ထားတယ်။  သူသည် သူ့ကိုယ်သူ တီးတိုးရေရွတ်နေတယ်။ " တကယ်ပဲ ဒါကအမှန်ပဲ " ထို့နောက် သူက ပိုင်မုရဲ့လက်တွေကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်တယ်။

"နာတယ် " orcတွေရဲ့ ခွန်အားက တကယ်ကို‌ နောက်စရာမဟုတ်ပါဘူး ၊ ပိုင်မုက နာကျင်မှုကြောင့် သက်ပြင်းရှိုက်လိုက်ရတယ်။  ခဲယ်လ်တစ်က အရမ်းကြောက်လန့်သွားပြီး သူ့ကိုလွှတ်ပေးလိုက်ကာ ပိုင်မုက သူ့ကြောင့် ဒဏ်ရာရမရကို သေချာစစ်ဆေးခဲ့တယ်။  သူက အင်္ကျီလက်တွေကို ဆုပ်ကိုင်ပြီး ကြည့်လိုက်ပြီးနောက်  ပိုင်မုဒဏ်ရာမရသွားဘူးဆိုတာ သိလိုက်ရလို့ ခဲယ်လ်တစ်က ရှက်ရွံ့စွာနဲ့ သူ့ခေါင်းသူ ကုတ်လိုက်တယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now