Chapter 55

2.5K 407 3
                                    

Unicode

သားရဲအုပ်ရဲ့ပထမတိုက်ခိုက်မှုမှာ ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့တဲ့ orcsတွေက မသက်သာသေးတာကြောင့် ဂူထဲကို ရွှေ့ပြောင်းတာခံခဲ့ရတယ်။ မျိုးနွယ်စုခေါင်းဆောင်ရဲ့တွဲဖက်ဖြစ်သူ အိုက်၀မ်က မြေကြီးပေါ်မှာ ထူထဲတဲ့တိရစ္ဆာန်သားရေ တွေကို ဖြန့်ခင်းဖို့ တောင်းဆိုလိုက်ပြီး ဒဏ်ရာရနေတဲ့ orcs တွေကို နေရာချလိုက်ပြီးနောက် လူအရေအတွက်ကို စတင်ရေတွက်ခိုင်းလိုက်တယ်။ မျိုးနွယ်စုထဲက လူအားလုံးက တိုက်ပွဲမျက်နှာပြင်ကိုမသွားနိုင်ကြောင်း အတည်ပြုပြီးနောက် သူက သက်ပြင်းတစ်ချက်ချလိုက်တယ်။

ပိုင်မုက ဂူထဲကနေ သံမှိုလုပ်ထားတဲ့သစ်သားပျဉ်ပြားအနည်းငယ်ကို ဆွဲထုတ်လိုက်တယ်။အဲ့ဒါတွေကို  မတ်စောက်တဲ့တောင်ပတ်လမ်းပေါ်မှာ နေရာချထားဖို့ အသက်ဆယ့်ငါးနှစ်အထက် Orcs တွေအတွက် စီစဉ်ပေးလိုက်ပြီး နှင်းတွေနဲ့ ကောင်းကောင်းဖုံးအုပ်ထားရမယ်လို့ သူတို့ကိုပြောခဲ့တယ်။ သားရဲတွေကိုသတ်ဖို့ အပြင်မထွက်နိုင်တာကြောင့်  အခုလေးတင်စိတ်ဓာတ်အနည်းငယ်ကျနေတဲ့ ကောင်လေးတွေက ဝမ်းသာအားရနဲ့ ထွက်သွားကြတယ်။

ဒီနေ့ရာသီဥတုက အရမ်းအေးပြီးကောင်းကင်က မီးခိုးရောင်ဖြစ်နေကာ နှင်းတွေ ပြန်ကျလာတော့မယ့်ပုံပေါက်တယ်။ အိုက်၀မ်က ဂူထဲမှာ မီးမွှေးဖို့ရာ လူတိုင်းအတွက် စီစဉ်ပေးခဲ့ပြီး မီးသွေးမီးဖိုကနေ မီးခိုးငွေ့တွေ မထူထပ်တော့တဲ့အခါ တိရစ္ဆာန်သားရေတွေကို ကန့်လန့်ကာချထားလိုက်တယ်။

ကလေးငယ်လေးတွေရှိတဲ့မိန်းမပျိုတော်တော်များများကလည်း နို့သစ်သီး(မိခင်သစ်သီး)တွေ ရကြတယ်။ ကလေးတွေက ဗိုက်ဆာဖို့လွယ်ကူတဲ့အတွက် ကလေးတွေ ဗိုက်ဆာအောင်တော့ သူပစ်မထားနိုင်ဘူးလေ။ လူတိုင်းက အဲ့ဒီအမြော်အမြင်ရှိတဲ့ပြင်ဆင်မှုတွေကို  ကြည့်လိုက်ပြီး ပိုင်မုကို ပိုလို့တောင်  လေးစားသွားကြတယ်။

ပိုင်မုက ဂူပေါက်ဝမှာရပ်နေပြီး အဝေးက တဖြည်းဖြည်းချဉ်းကပ်လာတဲ့ သားရဲတွေကို ကြည့်လိုက်တယ်။ ဒီတခေါက်သားရဲအရေအတွက်ကလည်း ပြီးခဲ့တဲ့တစ်ခေါက်ကနဲ့ အတူတူပါပဲ။ တစ်ခုတည်းသောခြားနားချက်က  ကောင်းကင်မှာ ပျံသန်းနေတဲ့ငှက်အချို့ရှိလာခြင်းပင်ဖြစ်တယ်။ ပိုင်မုက သူ့သွားတွေကိုအံကြိတ်လိုက်တယ်။ ဒီကမ္ဘာက သားရဲတွေက ဘာလို့ကိုင်တွယ်ရအရမ်းခက်ခဲနေရတာလဲ။ ဒီလောက်သန်မာတဲ့ orcs တွေတောင် ခေါင်းကိုက်သွားရတာကို မအံ့သြတော့ပါဘူး။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now