Chapter 35.1

3.6K 622 8
                                    

Unicode

ပိုင်မုက မနက်တိုင်း ခဲယ်လ်တစ်နဲ့ အပြင်ထွက်တယ်။ခဲယ်လ်တစ်က အမဲလိုက်တယ် ၊ သူက နေရာလွတ်ထဲ ၀င်ပြီး ဟင်းသီးဟင်းရွက်တွေကို သူ့နောက်ကျောလွယ်ခြင်း‌တောင်းကနေ သိုလှောင်ခန်းထဲ‌ ပြောင်းထည့်တယ်။  ခဲယ်လ်တစ် အမဲလိုက်ပြီးတဲ့အထိ သူ အပြင်မထွက်ဘဲနဲ့ ပြီးမှ နှစ်ယောက်အတူ အိမ်ပြန်ကြတယ်။

စုပေါင်းထားတဲ့ ဉာဏ်စွမ်းအား, အထူးသဖြင့် ထက်မြက်ပြီး လုပ်ဆောင်နိုင်စွမ်းရှိတဲ့ orcs တွေရဲ့ ဉာဏ်စွမ်းအားကို လျှော့မတွက်သင့်ဘူး။  မကြာခင်မှာပဲ ရက်က်ကန်းရဲ့ပုံစံက ပေါ်လာတယ်။ ပိုင်မုက သူတို့ကို ပြောပြရုံပြောပြပြီးနောက်  ယေဘုယျ ရှင်းပြချက်တစ်ခု ပေးလိုက်တယ်။  ဒီလူတွေ သုံးရက်အတွင်း အလုပ်ပြီးမယ်လို့ သူ မမျှော်လင့်ထားဘူး။

ပိုင်မုက မေးစေ့ကို ကိုင်လိုက်ပြီး ပြုံးလိုက်တယ်။ အနာဂတ်မှာ သူ နားမလည်တာရှိခဲ့ရင် သူတို့ဆီကို ပစ်ထုတ်လိုက်မယ်။  မြေယာစိုက်ပျိုးတာ၊ ပါဝင်ပစ္စည်းတွေကိုရှာဖွေတာနဲ့ အရသာရှိတဲ့အစားအစာတွေ ရရှိလာတာကမှ သူလုပ်သင့်တဲ့အရာတွေပဲ။

ဂူအပြင်ဘက်မှာ မိုးက တဖွဲဖွဲရွာနေတယ်။  ဘာမှလည်းမလုပ်ချင် အပြင်လည်းမထွက်ချင်တဲ့ ပိုင်မုက ဂူအပြင်ဘက် မိုးသည်းတွေထဲက  အုံ့ဆိုင်းနေတဲ့ တောအုပ်ကို ရည်ရွယ်ချက်မရှိကြည့်နေ ရင်း သီချင်းညည်းလိုက်တယ်။ " မိုးရွာနေပေမယ့် ​​ပိုကြီးလာတဲ့၊ ကြောင်တွေနဲ့ ခွေးတွေက ရန်ဖြစ်နေကြတယ်"

တပေါကလည်း သူ့ဘေးမှာထိုင်ပြီး သူ့လို  ပင်ပန်းနွယ်နယ်နေတဲ့ပုံနဲ့ အပြင်ကို ကြည့်လိုက်တယ်။  မိုးရွာနေတာလား ဒါမှမဟုတ် စိတ်အနှောက်အယှက်အဖြစ်စေဆုံးအရာတစ်ခုများလား။  အခု သူ အပြင်ထွက်မကစားနိုင်သလို အမဲလိုက်တာကိုလည်း မသင်ယူနိုင်တော့ဘူး။ တကယ့်ကို စိတ်ပျက်စရာပဲ။

" ဟင်းး!! " အကြီး‌နဲ့အငယ်နှစ်ယောက်က တပြိုင်နက်တည်း သက်ပြင်းချလိုက်ပြီးနောက် တယောက်ကိုတယောက်ကြည့်ကာ အပြင်ဘက်က မိုးကန့်လန့်ကာကို ဆက်ကြည့်နေကြတယ်။ မနီးမဝေးမှာရှိတဲ့ အပင်ကြီးက မိုးရေကြောင့် ရေဆေးခံထားရသလိုဖြစ်နေပြီး အထူးသဖြင့် စိမ်းလန်းနေပြီး မိုးရေထဲ အားကြိုးမာန်တက်ရပ်တည်နေတဲ့ ပျိုးပင်ငယ်တွေက ဝေဒနာခံစားရကာ မိုးရေကြောင့်  မျောပါသွားကြတယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now