Chapter 64.2

2.1K 355 4
                                    

Unicode

Chapter 64.2

အခု လှုပ်ရှားမှုမရှိတဲ့ဇက်ခ်ရိကို ကြည့်ပြီး သူ့ကို ထားမသွားဖို့ မျှော်လင့်ရင်းနဲ့ ဘုရားသခင်ဆီမှာ အကြိမ်ကြိမ် ဆုတောင်းခဲ့တယ်။ သူတို့တွေ အရာအများကြီး မလုပ်ရသေးဘူး။ သူတို့အခုထိ လက်မထပ်ရသေးတဲ့အပြင် ချစ်ဖို့ကောင်းတဲ့ ကလေးလေးလည်း မရသေးပါဘူး။ ပြီးတော့ တကယ်တော့ ဇက်ခ်ရိကို သူသတိထားမိတာ ကြာပါပြီ။

ဒီဘက်ခြမ်းက ဝမ်းနည်းမှုတွေနဲ့ ယှဉ်ရင် တစ်ဖက်က လေထုက ပိုတောင်ဆိုးသေးတယ်။ သေဆုံးသွားတဲ့ orcs တွေကို သန့်ရှင်းပေးထားပြီး သူတို့က မြေပြင်ပေါ်ငြိမ်သက်စွာ လှဲလျောင်းနေတယ်။ သူတို့ရဲ့မျက်နှာတွေက အိပ်ပျော်နေသလိုဖြစ်နေပေမယ့်လည်း သူတို့ရဲ့  ပိတ်ထားတဲ့မျက်၀န်းတွေက ဘယ်တော့မှပွင့်လာတော့မှာမဟုတ်ပါဘူး။သူတို့ရဲ့ချစ်ရတဲ့သူတွေ ဘယ်လောက်ပဲ ဝမ်းနည်းနေပါစေ သူတို့နိုးလာနိုင်မှာမဟုတ်တော့ဘူး။

သူတို့က သူတို့ရဲ့အိမ်နဲ့ သူတို့ရဲ့မိသားစုကို ကာကွယ်ဖို့ စတေးခဲ့ကြတယ်။ သူတို့ရဲ့ ပေးဆပ်မှုကြောင့် တခြားလူတွေ ရှင်သန်နိုင်ခဲ့ကြတယ်။ သူတို့ရဲ့သူရဲကောင်းဆန်တဲ့စိတ်ဓာတ်တွေက  ဘုရားသခင်ဆီ သေချာပေါက်ပြန်သွားနိုင်ပြီး  ဘုရားသခင်ရဲ့ကာကွယ်ပေးမှုကို လက်ခံရရှိကာ ငတ်မွတ်ခေါင်းပါးမှုကို ဘယ်သောအခါမှ သည်းခံဖို့လိုအပ်တော့မှာ မဟုတ်ဘူး။

ဒီအချိန်မှာ ဒစ်ခ်ရဲ့ ခန္ဓာကိုယ်ကိုလည်း ဂရုစိုက်ထားပြီး ငြိမ်ငြိမ်လေး လဲလျောင်းနေတယ်။ နုပျိုချောမောတဲ့မျက်နှာက ပြာတွေနဲ့ ဖုံးလွှမ်းနေတယ်။ သူ့ရဲ့လက်တွဲဖော်က အလွန်တရာဝမ်းနည်းပူဆွေးမှုကြောင့် မူးလဲသွားခဲ့တယ်။

ဒါကြောင့် မျိုးနွယ်စု၀င်တွေက သူ့ကို၀ိုင်း၀န်းဂရုစိုက်ပေးနေကြတယ်။ သူ့သားငယ်က သူ့အဖေရဲ့ကြီးမားပြီး အေးစက်တောင့်တင်းနေတဲ့လက်ကို ဇွတ်ဆုပ်ကိုင်ထားပြီး သူ့စိတ်ထဲမှာတော့ လက်က အရင်တုန်းကလိုပဲ အမြဲနွေးထွေးနေခဲ့တယ်။ သူက သူ့အဖေရဲ့မျက်နှာကို ကြည့်ပြီး မျက်နှာကို သူ့စိတ်ထဲမှာ ရေးထွင်းထားချင်ပုံရတယ်။ သူ့အဖေက မိသားစုထဲမှာ အကောင်းဆုံး စစ်သည်တော်တစ်ယောက်ဖြစ်ပြီး သူက အဲဒါအတွက် အရမ်းဂုဏ်ယူပါတယ်။ နောင်ကျရင် သူက သူ့အဖေလိုမျိုး သူ့မိခင်ကိုကာကွယ်ပေးပြီး  သူ့ရဲ့မျိုးနွယ်စု၀င်တွေကို ကာကွယ်ပေးမယ့် အရမ်းအစွမ်းထက်တဲ့စစ်သည်တော် ဖြစ်လာလိမ့်မယ်။ ကြည်လင်နေတဲ့မျက်ရည်တွေက သူ့ရဲ့ပန်းရောင်သမ်းနေတဲ့ပါးပြင်ပေါ် စီးကျလာတယ်။ ဒီနေ့ကစပြီး သူ့အဖေကို သူ ဘယ်တော့မှ ထပ်တွေ့ရတော့မှာမဟုတ်ပါဘူး။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now