Chapter 89

2.4K 335 2
                                    

Unicode

Chapter 89.1

အခြားမျိုးနွယ်စုခေါင်းဆောင်တွေက နားထောင်ပြီးနောက်မှာ ပျော်ရွှင်မှုအလင်းရောင်လေးတွေ သူတို့မျက်၀န်းတွေထဲ တဖျပ်ဖျပ်တောက်ပလာတယ်။ တစ်စုံတစ်ဦးကို သူတို့ရဲ့နေရာဆီ စေလွှတ်လိုက်ခြင်းက အကောင်းဆုံးဖြစ်လိမ့်မယ်။ "မျိုးနွယ်စုခေါင်းဆောင်Erနဲ့ပုကျီ ကျုပ်တို့လူတွေကို တံတိုင်းတွေနဲ့ အိမ်တွေ ဘယ်လိုဆောက်ရမလဲဆိုတာ သင်ပေးဖို့ တစ်ယောက်ယောက်ကို စေလွှတ်ပေးပါကွာ မဟုတ်ရင် အနက်ရောင်ဧကရာဇ်သားရဲဘုရင်က သားရဲအုပ်ကို ဒီဆောင်းရာသီမှာ တိုက်ခိုက်ဖို့ ဦးဆောင်လာမယ်ဆိုရင် အမြစ်ဖြတ်သုတ်သင်ခံရတဲ့ကပ်ဆိုးကို ကျုပ်တို့ ရင်ဆိုင်ရလိမ့်မယ်" မျိုးနွယ်စုခေါင်းဆောင်တွေက ပြိုင်တူတောင်းဆိုခဲ့ကြတယ်။

"ကျုပ်တို့က ခင်ဗျားတို့ကို သေချာပေါက် ကူညီပေးမှာပါ၊ ဒါပေမယ့် ကျုပ်တို့ ဘယ်သူ့ကို ပို့ရမလဲဆိုတာကို စဉ်းစားရဦးမယ်" မျိုးနွယ်စုခေါင်းဆောင် Er က ရှက်ရွံ့သွားတယ်။ အခုဆို ပိုင်မုကို သေချာပေါက် အပြင်ထွက်ခွင့် ပြုကြမှာမဟုတ်ဘူး။ သူက အခြားမျိုးနွယ်စု၀င်တွေအတွက် အရည်အချင်းရှိမရှိကို သူမသိဘူး‌လေ။

"ကျုပ်ကတော့ ဒီလိုစဉ်းစားထားတယ် ရလဒ်တွေကို ဆွေးနွေးပြီးရင် ခင်ဗျားတို့နဲ့အတူ မျိုးနွယ်စုတွေဆီ တစ်ယောက်ယောက်ကို အမြန်ဆုံး လိုက်ပြန်ခွင့်ပြုလိုက်မယ်လေ" နားထောင်နေဆဲဖြစ်တဲ့ မျိုးနွယ်စုခေါင်းဆောင်အချို့ကို မြင်တော့ မျိုးနွယ်စုခေါင်းဆောင်ပုကျိက စကားပြောတာကိုရပ်လိုက်ပြီး သူတို့ကို ရှင်းပြလိုက်တယ်။ "ဧကရာဇ်သားရဲတွေရဲ့ ပြဿနာကိုတော့ ဘယ်လိုဖြေရှင်းရမလဲဆိုတာ ဆွေးနွေးနေတုန်းပဲ"

"လောလောဆယ်တော့ သူတို့ကိုဂရုစိုက်နိုင်စွမ်း ကျုပ်တို့မှာမရှိဘူးလို့ထင်တယ် အခု ပထမဆုံးအချက်က ခံစစ်တည်ဆောက်ဖို့ပဲ မဟုတ်ရင် ဧကရာဇ်သားရဲကို ဖျက်ဆီးဖို့ အပြေးအလွှားပြေးသွားတာက orcs စစ်သည်‌တော်တွေကို ကြီးကြီးမားမား ပျက်စီးစေရုံသာမက တကယ်လို့ ၎င်းတို့တွေကို သူတို့အကုန်မသုတ်သင်နိုင်ခဲ့ရင် ၎င်းတို့က လက်တုံ့ပြန်ဖို့အခွင့်အရေးကို သေချာပေါက် ယူကြလိမ့်မယ်" Impreza မျိုးနွယ်စုခေါင်းဆောင်က ပြောပြန်တယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now