Chapter 39.1

3.3K 567 5
                                    

Unicode

"အဆင်ပြေတယ်" ခဲယ်လ်တစ်က သူ့ဘေးမှာရပ်နေတဲ့ ဇက်ခ်ရိကိုကြည့်လိုက်တယ်။ အခု ပိုင်မုက သူနဲ့အတူရှိဖို့ သဘောတူလိုက်ပြီ။ ခဲယ်လ်တစ်က ဇက်ခ်ရိ ပိုင်မုကို ပလေးမယ့်စိတ်ကူးကို ရပ်ခိုင်းပြီး လက်လျှော့ခိုင်းလိုက်ဖို့  ဒီအခွင့်အရေးကို ယူလိုက်တယ်။

"ဒါဆို ငါလာကူညီမယ်" ဆိုင်ရယ်က မှိုဆေးတဲ့အဆင့်မှာ ဝင်joinခဲ့ပြီး ဇက်ခ်ရိကလည်း သူနဲ့(ဆိုင်ရယ်)အတူ ဝင်joinခဲ့တယ်။

တကယ်တော့၊ ဇက်ခ်ရိက ပိုင်မုကို ကောင်းတယ်လို့ ထင်ပေမယ့်လည်း သူ့ညီက ပိုင်မုကို လိုက်ပိုးပန်းဖို့ ဘာကြောင့်အမြဲတောင်းဆိုနေရလဲဆိုတာကို အတော်လေးနားမလည်ပါဘူး။ ဒါပေမယ့် ခဲယ်လ်တစ်နဲ့ သူ့(ပိုင်မု)ကိုမြင်တော့ သူတို့နှစ်ယောက်ကြားက အကြည့်တွေက စိတ်ဝင်စားစရာကောင်းတယ် ။အခု သူက အယ်လ်ဗင်က ပိုကောင်းတယ်လို့ထင်တယ်။သူ့ညီလိုမျိုး အပေါ်ခုန်လိုက် အောက်ခုန်လိုက်လုပ်ပြီး ကျည်ကျည်ကျာကျာနဲ့ နားညီးအောင်မလုပ်တတ်ဘူး။

မှိုတွေကို ဆေးကြောပြီးနောက်  ပိုင်မုက ခဲယ်လ်တစ်ကို ငါးကြီးအနည်းငယ် ဖမ်းခိုင်းတယ်။ ခဲယ်လ်တစ် ငါးဖမ်းပြီး ပြန်လာရင် ငါးကင်လုပ်ဖို့ စောင့်နေခဲ့တယ်။ အခု သူက ငါးကင်ကို အရမ်းကြိုက်တယ်။ ဒါပေမယ့် orcsတွေက  အရမ်းကြီးမကြိုက်ကြပါဘူး။ အဲဒီငါးရိုးလေးတွေက သူတို့ကို အမြဲစူးလို့ပါ။သူတို့အိမ်ပြန်လာတဲ့အခါ တပေါရဲ့ အပြစ်တင်‌နေတဲ့မျက်၀န်းတွေနဲ့ နှုတ်ဆက်ခံလိုက်ရတယ်။သူက နေ့လည်တုန်းက အသီးအနှံတချို့ပဲ စားခဲ့ရတယ်။ ဒီလူတွေက အစောကြီးကတည်းက ထွက်သွားပြီး ခုမှပြန်လာကြတယ်။ သူက အိမ်မှာတစ်ယောက်တည်းပစ်ထားခံခဲ့ရတာ အရမ်းသနားစရာကောင်းတယ်။

"ဘာဖြစ်တာလဲ အစွန့်ပစ်ထားခံလိုက်ရတဲ့ပုံနဲ့" ပိုင်မုက သူ့လက်ပေါ် က ခြင်းတောင်းကို အောက်ချလိုက်ပြီး ခြင်္သေ့လေးရဲ့ အမွေးပွခေါင်းကို ပွတ်သပ်ဖို့ လျှောက်သွားတယ်။

“သားကို ထားခဲ့ပြီး တနေ့လုံး ပြန်မလာတဲ့ အစ်ကိုကြီးပဲ‌လေ ” သူ့အစ်ကိုကြီးက တစ်နေ့လုံး အပြင်ထွက်တတ်ပေမယ့် သူ့ရဲ့ ဒုတိယအစ်ကိုက အိမ်မှာ အမြဲရှိနေတတ်ခဲ့တာကို။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now