Chapter 51.1

2.6K 425 3
                                    

Unicode

အပြင်ဘက်မှာ နှင်းတွေက ပို,ပိုကြီးမားလာပြီး ထူထဲတဲ့ တိရိစ္ဆာန်သားရေအလွှာတစ်ခုကို လေအေးတွေကို ပိတ်ဆို့ထားဖို့ ဂူအဝင်ဝမှာ ချိတ်ဆွဲထားတယ်။ တံခါးမှာ လေဝင်လေထွက်ကောင်းဖို့အတွက်  ပြတင်းပေါက်သေးသေးလေးတွေရှိတယ်။ အခုတံခါးဖွင့်လိုက်တာနဲ့ အရိုးခိုက်အောင်အေးတဲ့လေတွေက  နှင်းတွေထဲ ရောပါလာပြီး အရိုးတွေ ၊ ဆံပင်တွေကို နာကျင်စေလိမ့်မယ်။အခု မျိုးနွယ်စုထဲကအိမ်ထောင်စုတိုင်းက အအေးဒဏ်ကို ရှောင်ရှားဖို့ဂူထဲမှာ ပုန်းနေကြပြီး ပိတ်ထားတဲ့တံခါးနောက်မှာပဲ နေကြရတယ်။

ဆောင်းရာသီမှာ ပိုမိုကောင်းမွန်တဲ့နေထိုင်မှုကိုရရှိဖို့အတွက် ပိုင်မုက အန်းချီလော့နဲ့ တခြားသူတွေကို နေရာလွတ်ထဲ ခေါ်သွားချင်ခဲ့တယ်။ ခဲယ်လ်တစ်နဲ့ဆွေးနွေးပြီးနောက်မှာ သူက အန်းချီလော့ကို နေရာလွတ်အကြောင်းပြောပြခဲ့ပြီး လျှို့ဝှက်ထားဖို့ တောင်းဆိုခဲ့တယ်။

အန်းချီလော့၊တပေါနဲ့လိန်းကျယ်တို့က အဲ့ဒီအကြောင်းနားထောင်ပြီးနောက်မှာ အရမ်းစိတ်လှုပ်ရှားသွားပြီး သူတို့ကို ပိုင်မုမှော်လောကထဲခေါ်ဆောင်သွားမယ့်အချိန်ကိုစောင့်မျှော်နေခဲ့ပေမယ့် ပိုင်မုက အချိန်အတော်ကြာအောင် ကြိုးစားခဲ့ပြီးနောက်မှာတောင် သူတို့သုံးဦးက နေရာမှာပဲရှိနေသေးပြီး နေရာလွတ်ရဲ့ငြင်းပယ်တာကို ခံခဲ့ရတယ်။ခဲယ်လ်တစ်နဲ့ပိုင်မုကလွဲပြီး အခြားအသိဥာဏ်ရှိတဲ့သက်ရှိတွေက နေရာလွတ်ထဲ ဝင်လို့မရနိုင်ပုံပေါ်တယ်။

နေရာလွတ်ထဲ မဝင်နိုင်လို့ သူတို့ နောင်တရပေမယ့် နေရာလွတ်အကြောင်း သူတို့ရဲ့သိချင်စိတ်တွေက မလျော့နည်းသွားဘူး။ ပိုင်မုနဲ့ခဲယ်လ်တစ်တို့က နေရာလွတ်ရဲ့ပတ်၀န်းကျင်အနေအထားကို အတိုချုံး မိတ်ဆက်ပေးခဲ့တယ်။အဲ့ဒါကိုနားထောင်ပြီးနောက် သူတို့သုံးယောက်သားက အာမေဍိတ်သံပြုလိုက်ကြတယ်။ ဒါကို ဘုရားပေးတဲ့အရာလို့ခေါ်တာမလား။

အန်းချီလော့က နေရာလွတ်ထဲမ၀င်နိုင်တော့တာကြောင့် မူလအခန်းထဲက ရိုးရှင်းတဲ့လိုက်ကာကို ဂူထောင့်မှာ ထားလိုက်တယ်။ရေချိုးရအဆင်‌ပြေဖို့အတွက် သီးခြားနေရာတစ်ခုကို ခွဲခြားထားတယ်။ သန့်ရှင်းဖို့အတွက် နေရာလွတ်ထဲကို ပိုင်မု မကြာခဏသွားတာက အဆင်ပြေပေမယ့်လည်း အခြေခံအားဖြင့်တော့ ခဲယ်လ်တစ်က ပိုင်မုကို ခွင့်ပြုမှာမဟုတ်ဘူး။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now