Chapter 4.1

8.5K 1.3K 36
                                    

(Unicode)

Orcs

"ကိုယ်တို့မျိုးနွယ်စုက ဒီနေရာကနေ သိပ်မဝေးပါဘူး ကိုယ်တို့ နှစ်ရက်မဟုတ်ရင် သုံးရက်လောက်မှာ ရောက်လိမ့်မယ်"ခဲယ်လ်တစ်က ပြုံးလိုက်ပြီး ဖြူဖွေးတဲ့သွားတွေကို ပြသလိုက်တယ်။ပိုင်မုရဲ့မျက်လုံးတွေက ခါယမ်းနေတယ်။

"ခင်ဗျား ပျံနိုင်သေးတယ်လား"ပိုင်မုက အံ့အားသင့်သွားပေမယ့် သိပ်မကြာခင်မှာပဲ စိတ်တည်ငြိမ်သွားတယ်။ပျံတယ်ဆိုတာ မွန်းစတားတွေအတွက် ပုံမှန်ဖြစ်ပုံရတယ်။

"ဟမ် ပိုင်စစ်တိုက်ကြီးပေါ်က orcsတွေအကုန်လုံး ပျံနိုင်တယ်ဆိုတာ မင်းမသိဘူးလား"ခဲယ်လ်တစ်က ပိုင်မုကို အံ့အောတကြီးကြည့်လိုက်တယ်။

"အဲ့ဒါက  ကျွန်တော် တော်တော်များများ မမှတ်မိတော့လို့ orcsကဘာလဲဆိုတာ ခင်ဗျား ကျွန်တော့်ကို ပြောပြနိုင်မလား"ပိုင်မုက သူ၀တ္ထုတွေထဲမှာ ဖတ်ဖူးတာကို မှတ်မိတယ်။Orcsတွေက လူသားတွေနဲ့ အားလုံးတူတယ် ဒါပေမယ့် သားရဲတွေရဲ့ သွင်ပြင်စရိုက်တွေလည်း ရှိတယ်။အဲ့ဒါက သိသိသာသာကို ဒီနေရာနဲ့ ကွဲပြားတယ်။

"Orcက သားရဲနဲ့လူသားပုံစံနှစ်ခုကြား ပြောင်းလဲနိုင်တဲ့ သန်မာတဲ့ယောက်ျားပဲ လူသားပုံစံတစ်မျိုးတည်းပဲ ထိန်းသိမ်းထားနိုင်တဲ့ မိန်းမပျိုလည်းရှိတယ် သူတို့က ပိုပြီးပိန်ပါးတယ် မင်းလိုမျိုးပေါ့"ခဲယ်လ်တစ်က ကရုဏာတွေနဲ့ သနားစရာကောင်းတဲ့မိန်းမပျိုလေးပိုင်မုကို ကြည့်လိုက်တယ်။ကောင်လေးက ဘာမှကို မသိဘူးပဲ။

"ခနလေး ကျွန်တော်က မိန်းမတစ်ယောက်လို့ ခင်ဗျားပြောလိုက်တာလား"ပိုင်မုက အဓိကအချက်ကို ဖမ်းဆုပ်မိသွားတယ်။အခုလေးတင်  သူ(ခဲယ်လ်တစ်)အသီးကောက်ဖို့ သွားခဲ့တုန်းက ဒီလူကြီးက မိန်းမပျိုတွေလို့ ပြောခဲ့တယ်။

"ဟုတ်တယ် မင်းလိုပိန်ပါးသေးသွယ်ပြီး သားရဲဖြစ်မလာနိုင်တဲ့သူတွေက မိန်းမပျိုလေးတွေပဲ။ပိုင်စစ်ရဲ့အဓိကကုန်းမြေမှာ မိန်းမပျိုလေးတွေ နည်းနည်းပဲရှိတယ် ပြီးတော့ သူတို့တွေက မျိုးနွယ်စုတိုင်းရဲ့ ရတနာလေးတွေပဲ"ခဲယ်လ်တစ်က စိတ်အားထက်သန်စွာနဲ့ ဗဟုသုတတွေကို ပိုင်မုဆီ ဖြန့်ဝေလိုက်တယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now