Chapter 26.1

4.7K 718 17
                                    

(Unicode)

"အစတုန်းကတော့ ကျွန်တော်အဲ့ဒါကို အသုံးမပြုပဲ‌ နေတော့မလို့ပဲ   ကံကောင်းတာက အဲ့မှာ အခန်းရှိနေပြီး အခု ကျွန်တော် အသုံးပြုနေပြီ ၊ ဒါပေမယ့် ကျွန်တော့်မှာသာ လုပ်ဆောင်နိုင်စွမ်းရှိလာခဲ့ရင် ကျွန်တော် အိမ်တစ်အိမ် ဆောက်ရဦးမယ် "အနာဂတ်မှာ ဘယ်လိုတိုးတက်လာအောင်လုပ်ရမလဲဆိုတာကို ပိုင်မုကတွေးနေပြီး ခဲယ်လ်တစ်ရဲ့ အသံကို သတိမထားမိပါဘူး။  အလယ်မှာ တစ်ခုခုတော့ မှားနေသလိုပဲ။

  "ကောင်းပါပြီ၊ မင်း သက်တောင့်သက်သာရှိတဲ့အိမ်မှာ အမြန်ဆုံး နေနိုင်အောင် ငါ အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်" ပိုင်မုရဲ့ အဖြေကို ကြားတော့ ခဲယ်လ်တစ်က အနည်းငယ် စိတ်သက်သာရာရသွားတယ်။

"ဒါဆို အတူတူ အလုပ်ကြိုးစားကြစို့" သူ့ရဲ့ ပုံမှန်မဟုတ်တဲ့ လေးနက်တဲ့ အမူအရာကို မြင်တော့ ပိုင်မုက သူတို့အတွက် အတူတူ အလုပ်ကြိုးစားတာက မှားလိမ့်မယ် လို့ တွေးမိသွားတယ်။ခဲယ်လ်တစ်က ဒီစကားတွေကိုကြားတဲ့အခါ သူ့ရဲ့သွားဖြူဖြူလေးတွေကို ပြလိုက်ရင်း ပျော်ရွှင်စွာ ပြုံးလိုက်တယ်။ ဟေး သွားစွယ်တွေမရှိတာ ဘယ်လိုလုပ်တာလဲ။ ပိုင်မုက သူ့ရဲ့ သပ်ရပ်တဲ့ သွားတွေကို ကြည့်လိုက်ပြီး စဉ်းစားခဲ့တယ်။

အတန်ကြာထိုင်ပြီးနောက် ပိုင်မုက အချိန်‌စေ့ခါနီးပြီလို့ ခန့်မှန်းလိုက်ပြီး သူတို့နှစ်ယောက်သားက နေရာလွတ်ထဲက ထွက်လိုက်ကာ မျှော်လင့်ထားသည့်အတိုင်း မြေအိုးမှာ ချိုမြိန်တဲ့သစ်ရည်များ ပြည့်နေပြီဖြစ်တယ်။  ပိုင်မုက နောက်ကျောလွယ်ခြင်းတောင်းကို ကိုင်ထားပြီး ခဲယ်က မြေအိုးကို တိရိစ္ဆာန်သားရေတွေနဲ့ အလွယ်တကူဖုံးအုပ်လိုက်ကာ နောက်ကျောလွယ်ခြင်းတောင်းထဲ ထည့်လိုက်တယ်။ ပိုင်မုက နောက်ကျောလွယ် ခြင်းတောင်းရဲ့ လွတ်နေတဲ့နေရာကို အာလူးနဲ့ ကန်စွန်းဥတွေ သိပ်ထည့်ထားပြီး ထို့နောက် ပြန်စိုက်ဖို့အတွက်  ကန်စွန်းနွယ်ပင်ထုပ်ကြီးကို နောက်ကျောလွယ်ခြင်းတောင်းပေါ် တင်ထားတယ်။

ရေရေလည်လည်နားလည်ပြီးနောက် နှစ်ယောက်သားက ဝန်စည်အပြည့်နဲ့ ပြန်လာခဲ့ကြတယ်။ လမ်းတစ်လျှောက်မှာ ခဲယ်က မြေအိုးထဲက သစ်ရည်တွေ လျှံကျနေမှာကို စိုးရိမ်ပြီး ဖြည်းညှင်းစွာ ပျံသန်းကာ ငြိမ်အောင် ကြိုးစားခဲ့တယ်။အိမ်ပြန်ရောက်ပြီးနောက် ခဲယ်လ်တစ်က ပိုင်မုပင်ပန်းနွမ်းနယ်နေမှာစိုးပြီး သူ့ကျောပေါ်ကချဖို့ အလျင်အမြန် ကူညီခဲ့တယ်။နှစ်ယောက်သားက အခုထိ အတူမရှိရသေးပေမယ့်လည်း ခဲယ်လ်တစ်က သိသာတဲ့ ဇနီးကိုအမှုထမ်းခြင်း‌ဆိုင်ရာပင်ကိုအရည်အချင်းများကို ပြသခဲ့တယ်။ ထို့နောက် ပိုင်မုက မြေအိုးကို အလျင်အမြန် စစ်ဆေးခဲ့ပေမယ့်  ကံကောင်းစွာနဲ့ သစ်ရည်အများကြီး မလျှံကျခဲ့ပါဘူး။ 

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now