Chapter 58.1

2.3K 389 1
                                    

Unicode

"အရင်က သားရဲတိုက်ခိုက်မှုတွေက ဒီလိုမဟုတ်ဘူးလို့ ခင်ဗျားဆိုလိုတာလား" ပိုင်မုက အံ့သြသွားခဲ့တယ်။

"ဟုတ်တယ် အရင်က သားရဲအုပ်က အကောင်နှစ်ထောင်လောက် ရှိပြီး အရွယ်အစားသေးငယ်တဲ့ သားရဲတွေ သိပ်မရှိသလောက်ပါပဲ နှစ်စဉ်နှစ်တိုင်း ဧကရာဇ်သားရဲတစ်ကောင်က တိုက်ခိုက်လေ့ရှိပြီး တိုက်ခိုက်တိုင်း Orcတွေရဲ့ သေဆုံးမှုလည်း ကြုံရလိမ့်မယ်"

“အဲ့ဒီ ဧကရာဇ်သားရဲက အရင်က အကောင်ပဲလား?" ပိုင်မုလည်း ထူးဆန်းတယ်လို့ စတင်ခံစားလာရတယ်။

“မဟုတ်ဘူး မနှစ်က လာခဲ့တဲ့အကောင်က အသတ်ခံလိုက်ရပြီး ဒီအတွက် ကိုယ်တို့ဘက်ကလည်း orc စစ်သည်ခြောက်ယောက်ရဲ့အသက်ပေးခဲ့ရတယ် ဧကရာဇ်သားရဲရဲ့အမြီးကို လိန်းကျယ်ရဲ့အိမ်မှာ ထိန်းသိမ်းထားဆဲဖြစ်ပြီး သူ့ရဲ့သားရဲဖခင်က ဧကရာဇ်သားရဲကို အဆုံးမှာ သတ်ပစ်နိုင်ခဲ့ပေမယ့်လည်း ဒဏ်ရာအပြင်းအထန်ရပြီး အသက်မရှင်နိုင်ခဲ့ဘူး"ခဲယ်လ်တစ်က ဒီအကြောင်းကိုပြန်ပြောရင်း အ နည်းငယ်စိတ်မကောင်းဖြစ်သွားတယ်။ ဆောင်းရာသီတိုင်း ဧကရာဇ်သားရဲရဲ့ လက်သည်းအောက်မှာ တစ်ယောက်ယောက်အသတ်ခံရလိမ့်မယ်။

"ဒီနှစ်လည်း အဲ့ဒီကောင်ကို သတ်ပစ်ဖို့ ဘယ်လိုတွေပေးဆပ်ရဦးမလဲ ကိုယ်မသိတော့ဘူး ဒီနှစ်ရဲ့ဧကရာဇ်သားရဲက ပိုလို့တောင်ပါးနပ်ပုံရတယ်"ပိုင်မုက ဧကရာဇ်သားရဲရဲ့စွမ်းဆောင်ရည်ကို တွေးပြီး ဒီဧကရာဇ်သားရဲက မရိုးရှင်းဘူးလို့ အမြဲလိုလို ခံစားခဲ့ရတယ်။

“ဖြစ်နိုင်တယ် ငါတို့ဒီလိုအခြေအနေမျိုးတစ်ခါမှ မကြုံဖူးဘူး” လိန်းကျယ်လည်း အနည်းငယ်စိုးရိမ်သွားတယ်။

ခိုလှုံရာဂူက ဒီနေ့မှာ ချိုးဖောက်မခံရသေးပေမယ့်လည်း အခြေအနေကတော့ သိပ်ယုံကြည်စိတ်မချရဘူး။ နောက်တစ်ကြိမ်လာတဲ့ သားရဲအုပ်ရဲ့အရေအတွက်က တိုးလာရင် သူတို့နောက်မှာ ပုန်းအောင်းနေသူတွေရဲ့ ဘေးကင်းရေးက အကျုံးဝင်မှာဖြစ်တယ်။

ဒီနေ့ မျိုးနွယ်စုခေါင်းဆောင် 'အာ'လည်း မောပန်းနေတယ် ။ ဒဏ်ရာအပြင်းအထန်မရခဲ့ပေမယ့်လည်း သူက အသေးစားဒဏ်ရာအများအပြား ရရှိခဲ့တယ်။ အိုက်၀မ်က သူ့ကို ညဘက်မှာ ဆေးလိမ်းပေးခဲ့ပြီး သူ့ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာအကြီးအသေးတွေအများအပြားတွေ့ခဲ့ကာ တချို့က အသစ်ဖြစ်ပေမယ့် အများစုကတော့ နှစ်ကြာသွားတဲ့ ဒဏ်ရာဟောင်းတွေပါ။ရောယှက်နေတဲ့ကြောက်စရာကောင်းတဲ့အမာရွတ်တွေက မီးအလင်းရောင်အောက်မှာ ပိုလို့တောင် တုန်လှုပ်ချောက်ချားစရာကောင်းနေခဲ့တယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now