Chapter 76

2.1K 354 6
                                    

Unicode

Chapter 76.1

"ပွဲတော်အတွင်းမှာ တွဲဖက်ပွဲကျင်းပဖို့ ငါတို့ဆုံးဖြတ်ထားတယ်"

ခဲယ်လ်တစ်နဲ့ပိုင်မုတို့က ဆုံးဖြတ်ပြီးနောက်မှာ သူတို့ရဲ့ မိသားစုဝင်တွေကို ဒီသတင်း ပြောခဲ့ကြတယ်။ အန်းချီလော့တို့သုံးယောက်သားက ပထမတော့ အံ့အားသင့်သွားခဲ့ကြတယ်။သူတို့နှစ်ဦးက ကောင်းမွန်တဲ့ဆက်ဆံရေးရှိတယ်ဆိုတာ အားလုံးသိကြပေမယ့်လည်း နောက်ဆုံးမှာ တွဲဖက်တော့မယ်ဆိုတာကို ရုတ်တရက် ကြားလိုက်ရတော့ သတင်းကောင်းကြောင့် ပျော်ရွှင်မှုတွေ ပြည့်နှက်သွားကြတော့တယ်။

"ဝိုးးး- အစ်ကိုကြီးပိုင်မုက နောက်ဆုံးတော့ သားတို့ရဲ့tower(မရီး) ဖြစ်လာတော့မယ်"တပေါက သူတို့ရဲ့ဘေးပတ်လည်မှာ ပျော်ရွှင်စွာ ခုန်ပေါက်နေခဲ့တယ်။

"အစ်ကိုကြီး အစ်ကိုပိုင်မု ဂုဏ်ယူပါတယ်"အန်းချီလော့က ပြူးကျယ်နေတဲ့ မျက်၀န်းတွေနဲ့ ဂုဏ်ပြုစကားပြောဖို့ ရှေ့ကို တိုးလာတယ်။

"အစ်ကို ဂုဏ်ယူပါတယ် ဒါပေမယ့် မင်း**$&$" လိန်းကျယ်က အန်းချီလော့ကို ငေးငိုင်နေတဲ့ပုံစံနဲ့ ကြည့်လိုက်တယ်။ အိုး! သူကတော့ နှစ်နှစ်စောင့်ရဦးမယ်။(ဒါပေမယ့်ရဲ့ အနောက်မှာရေးထားတာက you're in your headပါ အဲ့ဒါက တရုတ်လိုဆို ဆဲတဲ့ပုံစံပေါက်တယ်တဲ့ ကိုယ်လည်းမသိဘူး short video တွေမှာ မြင်ဖူးတာပါ)

"ပွဲတော်က တစ်လကျော်ရင် လာတော့မယ် ကျွန်တော်တို့ ဘာတွေပြင်ဆင်ရမလဲ"အန်းချီလော့က သူတို့ရဲ့ တွဲဖက်အခမ်းအနားကို ပိုခမ်းနားထည်၀ါလာစေဖို့ ဘယ်လိုပြင်ဆင်ရမယ်ဆိုတာကိုပါ စတင်တွေးတော လာခဲ့တယ်။

"ပြီးခဲ့တဲ့အကြိမ်နဲ့ ယှဉ်ရင် တိုးတက်မှုရှိအောင် လုပ်ရုံလေးပါပဲ" ပိုင်မုက ဒီကိစ္စကို အခုထိ မစဉ်းစားရသေးသလို သူ့မင်္ဂလာပွဲအကြောင်းတောင် မတွေးထားရသေးပါဘူး။ သူ့မှာ ခဲယ်လ်တစ်ကို တောင်းပန်ချင်စိတ်တွေ ပြည့်နှက်နေတယ်။

"အစ်ကို အရင်တစ်ခေါက်က မစားလိုက်ရတဲ့အစားအစာတွေရှိတယ် ရိုးရှင်းတဲ့ဟာမျိုးလေးတွေ ဒီတခေါက် ကျွန်တော်တို့ ကောင်းကောင်း ပြင်ဆင်ရမယ်" အန်းချီလော့က ပိုင်မုဆီက အချက်အပြုတ်စကေးတော်တော်များများကို သင်ယူခဲ့ပြီး အခုတော့ သူက ပိုင်မုထက် ပိုကောင်းလာပြီလို့တောင် ပြောလို့ရပါတယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now