Chapter 53.2

2.5K 407 2
                                    

Unicode

ခဲယ်လ်တစ် ပစ္စည်းတွေယူဖို့ ထွက်သွားပြီးနောက်မှာ ပိုင်မုက သူ့တစ်ကိုယ်လုံးကို ရေထဲစိမ်လိုက်ပြီး သက်ပြင်းချလိုက်တယ်။ သူအရမ်းအလုပ်ရှုပ်နေပြီး ခါးသီးတဲ့အအေးဒဏ်ကို လျစ်လျူရှုထားမိတာကြောင့် အခုသူအရမ်းအေးနေပြီး သူ့အရိုးတွေကလည်း အရမ်းနာကျင် နေတယ်။ အခု သူအနားယူတော့မှ သူ့ကျောကုန်း၊ လက်နဲ့ ခြေထောက်ပေါ်က ပွန်းပဲ့ဒဏ်ရာ‌တွေကနေ နာကျင်မှုအနည်းငယ် ခံစားလိုက်ရတယ်။မျိုးနွယ်စုကို နေရာပြောင်းရွှေ့တာကူညီဖို့ အပြင်ထွက်သွားတုန်းက အကြိမ်ပေါင်းများစွာ သူပြုတ်ကျခဲ့ပြီး တစ်ခါဆို ချောက်ကမ်းပါးကနေ ပြုတ်ကျခဲ့သေးတယ်။ ကံကောင်းထောက်မစွာနဲ့ သူက ပြင်ဆင်မှုတွေအပြည့်လုပ်ထားခဲ့ပြီး ကြိုးက သူ့ကို ဆွဲထားခဲ့တာကြောင့် နောက်ဆုံးမှာ အပေါ်ပြန်တက်နိုင်ခဲ့တယ်။

T/N-မှတ်မိတယ်မလား ကြိုးစတစ်စကို တံခါးမှာချည်၊ တစ်စကို သူ့ခါးမှာချည်ပြီးမှ ပိုင်မုအပြင်ထွက်လာတာကို၊ အဲ့ဒါကြောင့် သူ ချောက်ကမ်းပါးကနေ ပြုတ်ကျတော့လည်း ကြိုးတန်းလန်းရှိနေလို့ ကြိုးကနေ အပေါ်ပြန်တက်လာနိုင်တာပါ lionတွေက တောင်ပံပါတော့ ချောက်ကမ်းပါးမှာ ဂူဖောက်ပြီး နေကြတာရယ် လမ်းတွေက ကျဉ်းတော့ တခါတလေ ခြေချော်ပြီး ပြုတ်ကျတတ်တယ် အဲ့ဒါကြောင့် ပိုင်မုက အဲ့လိုပြင်ဆင်သွားတာ။

ခဲယ်လ်တစ်က ဆပ်ပြာ၊မျက်နှာသုတ်ပုဝါ ၊ လဲဖို့အဝတ်အစားတစ်စုံနဲ့အတူ ပြန်ရောက်လာတော့ ပိုင်မုက ရေထဲမှာစိမ်နေပြီး သူ့နောက်ကျောကိုပဲ တွေ့လိုက်ရတယ်။ သူက ရေကန်ဘေးက သစ်သားခုံတန်းလျားမှာ ပစ္စည်းတွေကိုထားလိုက်တယ်။ "ကိုယ် မင်းရဲ့ ပစ္စည်းတွေကို မင်းအတွက်ယူခဲ့ပြီးပြီမို့ ထိုင်ခုံပေါ်တင်ထားတယ်"

ပိုင်မုက ထထိုင်လိုက်ပြီး လှည့်ကြည့်လိုက်တယ်။ "ကောင်းပါပြီ ကျေးဇူးပါ"

ပိုင်မု တည့်တည့်မတ်မတ်ထိုင်လိုက်တဲ့ခဏမှာ ခဲယ်လ်တစ်က သူ့နောက်ကျောပေါ်က ဒဏ်ရာတွေကို  တွေ့လိုက်တယ်။

ပိုင်မုကို မကာကွယ်နိုင်ခဲ့တဲ့ သူ့ကိုယ်သူအပြစ်တင်နေပြီး သူ့နှလုံးသားထဲမှာတော့ ပြောမပြနိုင်တဲ့ နာကျင်မှုတစ်ခု ရှိနေတယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now