Chapter 83

2.4K 363 2
                                    

Unicode

Chapter 83.1

ပျော်ရွှင်စရာကောင်းတဲ့နေ့ရက်တွေက လျင်မြန်စွာကုန်လွန်သွားတယ်။ ရာသီဥတုက အေးသထက် ပိုအေးလာပြီး လူတိုင်းရဲ့အဝတ်အစားတွေက ပိုထူထပ်လာတယ်။ ကျောက်မီးသွေး၊ အစားအစာနဲ့ ဆေးဝါး အများအပြားကို ပိုင်မုရဲ့နေရာလွတ်ထဲမှာ သိုလှောင်ထားပြီးဖြစ်တယ်။မျိုးနွယ်စုရှိ ဒူးလေးကြီးများကလည်း ပြီးစီးသွားပြီဖြစ်ပြီး လူတိုင်းက အသုံးပြုတတ်ဖို့သင်ယူပြီးနောက် ၎င်းတို့ကို ထူထဲတဲ့တိရစ္ဆာန်သားရေတွေနဲ့ ဖုံးအုပ်ထားလိုက်ကြတယ်။ ရုတ်တရက်ဖြစ်ပေါ်လာတတ်တဲ့ အခြေအနေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့အတွက် မျိုးနွယ်စုခေါင်းဆောင် Er နဲ့ မျိုးနွယ်စုခေါင်းဆောင်ပုကျီတို့က မိန်းမပျိုလေးတွေနဲ့ အသက်မပြည့်သေးတဲ့ orcs တွေကိုပါ သူတို့ရဲ့တိုက်ခိုက်ရေးစွမ်းရည်ကိုကြည့်ပြီး အုပ်စုတွေခွဲထားတယ်။

တစ်ခုခုဖြစ်လာရင်တောင် လူတိုင်းစုဝေးပြီး သူတို့ရဲ့သတ်မှတ်ထားတဲ့နေရာကို တိုက်ရိုက်သွားစရာမလိုပါဘူး။ ချောက်ထဲမှာ အရင်က သူတို့နေထိုင်ဖူးတဲ့ နေရာတွေမရှိတာကြောင့် မြင်ကွင်းက ကျယ်ပြန့်တယ်။ ဒါကြောင့် အချိန်ကုန်သက်သာဖို့အတွက် မျိုးနွယ်စုခေါင်း‌ဆောင်နှစ်ဦးက ကြိုတင်စီစဉ်မှုတွေ ပြုလုပ်ခဲ့တယ်။

တစ်အိမ်နဲ့တစ်အိမ်နီးကပ်နေတဲ့ အိမ်တွေကို အုပ်စုဖွဲ့ပေးပြီး ကာကွယ်ရေးမှာ အထောက်အကူဖြစ်စေဖို့အတွက်ကိုတော့ ဒူးလေးကြီးတွေကို အသုံးပြုကြတယ်။ပတ်ပတ်လည်ဧရိယာတစ်၀ိုက်ကို orcs လေးတွေနဲ့ ဒူးလေးအသုံးမပြုနေကြတဲ့သူတွေက ပိုက်ကွန်ကနေ လွတ်ထွက်လာတဲ့ ပျံသန်းနေတဲ့ငှက်တွေ ဒူးလေးသမားကို နာကျင်စေမှာကနေ ဟန့်တားဖို့ စောင့်ကြပ်နေကြတယ်။ orcs တွေကို အုပ်စုငါးစုခွဲထားပြီး မြို့ရိုးတံတိုင်းမှာ အုပ်စုနှစ်စုနဲ့ ကောင်းကင်မှာ ပျံသန်းနိုင်တဲ့ငှက်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ အခြားအုပ်စုသုံးစုဆိုပြီးတော့လည်း ထပ်ခွဲခြားထားတယ်။

ရာသီဥတု ပိုအေးလာတာနဲ့အမျှ နောက်ဆုံးမှာ ဆောင်းရာသီရဲ့ ပထမဆုံးနှင်းက ထူထပ်စွာကျဆင်းလာတယ်။ပိုင်မုက အမွေးပွလက်အိတ်လေးနဲ့အတူ ထူထဲတဲ့ သားရေဂျာကင်အင်္ကျီကို ၀တ်ထားပြီး ခြံဝင်းထဲ မတ်တပ်ရပ်နေကာ ဒီကမ္ဘာကြီးက ရေခဲတဲ့အထိ တဖြည်းဖြည်းအေးခဲလာနေတာကို စောင့်ကြည့်နေခဲ့တယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now