Chapter 14.2

5.4K 971 5
                                    

(Unicode)

"နောက်ကျနေပြီ စောစောအနားယူတော့"ပိုင်မုက သူ့ရဲ့မျက်၀န်းတွေကို ရှောင်လိုက်ပြီး သူ့ရဲ့အခန်းကို ပြန်လာခဲ့တယ်။သူအတိတ်ကို မေ့ပျောက်ဖို့ အချိန်လိုပြီးတော့ အချိန်က ပစ္စုပ္ပန်ကို *အရွယ်ရောက်လာစေနိုင်တယ်။(လက်ရှိသူ့ကိုရင့်ကျက်လာစေပြီး အတိတ်ကိုမေ့နိုင်လိမ့်မယ်)

သူပြန်သွားတာကိုကြည့်ပြီး ခဲယ်လ်က လက်မလျှော့ဖို့ တိတ်တိတ်လေးဆုံးဖြတ်လိုက်တယ်။တနေ့မှာ ပိုင်မုက သူ့ကိုလက်ခံပြီး သူ့ရဲ့ပါတနာဖြစ်လိမ့်မယ်လို့ သူယုံ ကြည်တယ်။

နောက်တစ်နေ့မနက်စောစောမှာ ပိုင်မုက အသီးအချို့ကို စားခဲ့ပြီး သူ့ရဲ့ကိရိယာတွေနဲ့အတူ ခဲယ်လ်တစ်နဲ့ အပြင်ထွက်ခဲ့တယ်။ကျောက်တုံးတွေနေရာချထားတဲ့ ရှင်းလင်းထားတဲ့နေရာကို သူတို့ရောက်တော့ orcsတွေက အဲ့ဒီမှာ သူတို့ကို အဆင်သင့်စောင့်နေကြတယ်။

ပိုင်မုက တူသုံးချောင်းနဲ့ဆောက်သုံးချောင်းကို ယူထုတ်လိုက်ပြီးနောက် သူ့ရဲ့သံ‌အိုးသေးလေးကို ကိုးကားချက်အဖြစ် ယူထုတ်လိုက်ပြန်တယ်။ထို့နောက် သူက ဆောက်နဲ့တူကို ဘယ်လိုလုပ်ဆောင်ရလဲဆိုတာ ထင်ရှားစေဖို့ ပြန်ကောက်ယူလိုက်တယ်။Orcsတွေက သံအိုးသေးလေးကို ကိုင်ထားကြပြီး ဂရုတစိုက်နဲ့ ကြည့်ကြတယ်။အားမိုနဲ့တခြားorcနှစ်ယောက်က ကိရိယာတွေကို ကောက်ယူလိုက်ပြီး စတင်ကြိုးစားကြည့်ကြတော့တယ်။

"ကျောက်တုံးကို အရမ်းပါးအောင် လုပ်လို့ရနိုင်လား"orcတစ်ယောက်က သံအိုးနဲ့ ကျောက်တုံးကို ကြည့်လိုက်တယ်။

"ဒါပေါ့ ဘယ်ရမလဲ အခု ကျွန်တော်တို့က ဒီလိုပုံစံဖြစ်အောင် ကျောက်တုံးကို ဆောက်နဲ့ထွင်းရမယ်။ဒါပေမယ့် ၎င်းက ပိုပြီးတော့ ထူလိမ့်မယ်"ပိုင်မုက အထူကို အကြမ်းဖျင်းလောက် နှိုင်းယှဉ်ပြပြီး ပြောခဲ့တယ်။

"ဒါပေမယ့် အရမ်းချောမွေ့အောင် ဖြတ်တောက်ဖို့တော့ မဖြစ်နိုင်ဘူးလေ ဟုတ်တယ်မလား"Orcsတွေက တကယ်တော့ အရမ်းဉာဏ်ကောင်းကြတယ်။မညီမညာခုတ်ဖြတ်ထားတဲ့ ကျောက်တုံးတွေကို ကြည့်ပြီး မေးခွန်း‌တွေ မေးခဲ့ကြတယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now