Chapter 27.1

4.3K 761 19
                                    

(Unicode)

ကေစီက အဲ့ဒါကိုကြားလိုက်တာနဲ့တပြိုင်နက် သူတို့က ပိုင်မုနဲ့ လေ့လာဖို့ သွားနေတာဆိုတာကို နားလည်သွားပြီး သူ့ထက်ပိုကောင်းမွန်ပြီး ခဲယ်လ်တစ်ရဲ့မျက်၀န်းတွေကို ယူဆောင်သွားခဲ့တဲ့ ဒဏ္ဍာရီလာအမျိုးသမီးကို သတိရသွားတယ်။ ကေစီက အရမ်းတော့မယုံကြည်ဘူး။ ကေစီက ငယ်စဉ် ကလေးဘ၀တည်းက သူ့မိသားစုရဲ့ အလိုလိုက်ခြင်းကို ခံခဲ့ရပြီး သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေးက မလွဲမသွေကို အနည်းငယ် မာနကြီးကာ မိမိကိုယ်ကို ဗဟိုပြုနေမှာဖြစ်တယ်။  သူ့မှာ လိုအပ်ချက်တွေ ရှိနေသရွေ့ မိန်းမတွေပေါ်  တုန်နေအောင်ချစ်တဲ့ orcs တွေက သူ့အတွက် လုပ်ပေးလိမ့်မယ်။

ကေစီက အရပ် 1.78 မီတာခန့်ရှိပြီး ‌သေးသွယ်တဲ့ အရွယ်ရောက်ပြီးသူ မိန်းမပျိုလို့ ဆိုနိုင်တယ်။  သူ့မှာ  ပျော့ပျောင်းတဲ့ သစ်အယ်သီးရောင် ဆံပင်လိမ်လိမ်လေးတွေ၊ အညိုရောင်မျက်၀န်းတွေက အမြဲလိုလို စိုလဲ့လဲ့ဖြစ်နေပြီး ဖြူဖွေးတဲ့ အသားအရည်၊ အလွန်သနားချင့်စဖွယ်ကောင်းတဲ့  အရုပ်လေးနဲ့ ခပ်ဆင်ဆင်တူတဲ့သွင်ပြင်မျိုးရှိတယ်။  ကေစီရဲ့သွင်ပြင်က ပိုင်မုငယ်ငယ်တုန်းကထက်တောင် ပိုထင်ရှားတယ်လို့ ပြောရမယ်။ပိုင်မုက ကေစီလောက် ရုပ်ရည်မကောင်းမွန်ပါဘူး။ ပိုင်မု သူ့ကို ရိုက်ချနိုင်ခဲ့တာက လူတွေကို အရမ်းသက်တောင့်သက်သာခံစားရစေတဲ့ အတွင်းစိတ်က ပွင့်ပွင့်လင်းလင်းဖော်ထုတ်ပြပြီး ထွက်လာတဲ့ ငြိမ်သက်အေးချမ်းမှုကြောင့် ဖြစ်တယ်။  သူနဲ့ အချိန်အကြာကြီး အဆက်အသွယ်လုပ်နေသရွေ့ သူက ကေစီထက် ပိုကောင်းမွန်တယ်လို့ ခံစားရလိမ့်မယ်။

ပြီးတော့ ကေစီက ခဲယ်လ်တစ်ကို ဘာလို့ သဘောကျရတယ်ဆိုတဲ့ အကြောင်းရင်းက သူက မျိုးနွယ်စုထဲရှိ လူငယ်မျိုးဆက်ရဲ့ အစွမ်းအထက်ဆုံး စစ်သည်တော်တွေထဲက တစ်ယောက်ဖြစ်တာကြောင့် ဖြစ်တယ်။  ဒါပေမယ့် အရေးကြီးဆုံးအရာကတော့  ခဲယ်လ်တစ်က ဒီလူငယ်orcစစ်သည်တော်တွေထဲ ကြည့်အကောင်းဆုံးဖြစ်လို့ပါပဲ။ ဒီခဲယ်လ်တစ်တစ်ယောက်တည်းကပဲ သူ့နဲ့ ထိုက်တန်တယ်လို့ ကေစီက ခံစားရတယ်။  သူတို့နှစ်ယောက်မှာ ကလေးရှိခဲ့ရင် သူတို့(ကလေး)က ပိုကြည့်ကောင်းလိမ့်မယ် ၊ သူတို့က မိန်းမပျိုလေးတွေဆိုရင်လည်း သူတို့က သူ့လိုပဲ နာမည်ကြီးလိမ့်မယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now