Chapter 61.1

2.1K 359 5
                                    

Unicode

Chapter 61.1

Erက တံတိုင်းအမြင့်ပေါ်မှာရပ်နေပြီး သားရဲအုပ်ထဲက ဧကရာဇ်သားရဲရဲ့ပုံရိပ်ကို ရှာနေတယ်။ ရှာနေတာကြာသွားတာတောင် ဧကရာဇ်သားရဲကို မတွေ့ရတာကြောင့် Erက စိတ်မသက်မသာ ခံစားလာရတယ်။ဒီလို ကြီးမားတဲ့တိုက်ခိုက်မှုမှာ သားရဲ ဧကရာဇ်မပါလာတာတော့ မဖြစ်နိုင်ဘူးမလား?

"ဧကရာဇ်သားရဲကို မြင်ကြလား" Erက  သူ့အနီးနားက orcs တွေကို မေးလိုက်ပြီး ဒီလောက်များတဲ့သားရဲတွေကြောင့် သူမမြင်တာများလားလို့ သူ့စိတ်ထဲထင်နေတယ်။

"မမြင်ဘူး" လူတိုင်းက ခေါင်းခါလိုက်ကြပြီး Erက ပိုလို့တောင်စိတ်မသက်မသာ ခံစားလာရတယ်။လူတိုင်းက ဧရာမသားရဲအုပ်ထဲက  ဧကရာဇ်သားရဲကို စရှာကြတော့တယ်။

"မျိုးနွယ်စုခေါင်းဆောင် ဧကရာဇ်သားရဲကိုတွေ့ပြီ"

"ဘယ်မှာလဲ?"အဲဒါကို ကြားလိုက်ရတဲ့အခါ Erက ရုတ်တရက် စိတ်လှုပ်ရှားသွားတယ်။

"သားရဲအုပ်ထဲက eruသားရဲတွေအနီးမှာပါ" လူတိုင်းက သူညွှန်ပြနေတဲ့ လမ်းကြောင်းအတိုင်း ကြည့်လိုက်ကြတယ်။မျှော်လင့်ထားသလိုပဲ ဧကရာဇ်သားရဲနဲ့ အရမ်းဆင်တူတဲ့ ကြီးမားတဲ့အနက်ရောင် eru သားရဲတွေအနီးက ကြီးမားတဲ့ပုံရိပ်ကို မြင်တွေ့လိုက်ကြရတယ်" အားမို လူတိုင်းကိုသတိထားဖို့ ပြောလိုက် ဒီတစ်ခါတော့ ဧကရာဇ်သားရဲကို သတ်ပစ်ရလိမ့်မယ်" Erက သားရဲအုပ်ထဲမှာ ပုန်းနေတဲ့ သံသယဖြစ်ဖွယ်ကောင်းတဲ့သားရဲကို စိုက်ကြည့်နေတယ်။ဧကရာဇ်သားရဲက ဒီတစ်ကြိမ်မှာ အရမ်းပါးနပ်ပုံရတယ်။ ပုကျီကလည်း ဧကရာဇ်သားရဲရဲ့လှုပ်ရှားမှုကို အာရုံစိုက်ထားဖို့ သူ့လူတွေကို တောင်းဆိုလိုက်တယ်။ နောက်ဆုံးအခိုက်အတန့်မှာ ဧကရာဇ်သားရဲကို တိုက်ရိုက်တိုက်ခိုက်ကြရလိမ့်မယ်။

မကြာခင်မှာ သားရဲအုပ်က တံတိုင်းအမြင့်ကနေ မီတာတစ်ရာခန့်သာကွာဝေးတော့ပြီး Orcs တွေက သူတို့ရဲ့လေးတွေနဲ့မြှားတွေကို ကိုင်ဆောင်လိုက်ကာ မြှားတွေက သားရဲအုပ်ထဲ ပြေး၀င်သွားကြတယ်။ပိုင်မုက မျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်နဲ့ ကြိုတင်ဆွေးနွေးထားတယ်။ နှစ်ဘက်စလုံးတိုက်ရိုက်ထိတွေ့မှုမရှိသေးတဲ့အချိန်မှာ သားရဲအရေအတွက် လျော့နည်းသွားစေဖို့ရာ အဝေးကနေတိုက်ခိုက်ဖို့ လေးတွေနဲ့ မြှားတွေကို အသုံးပြုကြမယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now