Chapter 9.2

6.3K 1K 7
                                    

(Unicode)

နေရာလွတ်

လူတိုင်းက အသားကို အရင်ကထက် အများကြီး ပိုစားခဲ့ကြပြီး အန်းချီလော့က ပြင်ဆင်ဖို့ မလုံလောက်လုနီးပါးပဲ။ညစာစားပြီးနောက် ကောင်းကင်က ဖြည်းဖြည်းချင်း ကွဲကွဲပြားပြားမမြင်ရလောက်အောင် မှိန်လာပြီး လိန်းကျယ်က ထရပ်ကာ ပြန်သွားခဲ့တယ်။

ပိုင်မုက အန်းချီလော့ ပန်းကန်ခွက်ယောက်တွေ သိမ်းဆည်းနေတာကို ကူညီလိုက်တယ်။ဒီမှာ စားသောက်တဲ့အခါသုံးတဲ့တူတွေ မရှိပါဘူး။ပန်းကန်ခွက်ယောက်တွေက မြေပန်းကန်လုံးတွေ ၊အိုးတွေနဲ့ လေးလံတဲ့ဇွန်းတွေပဲ ပါ၀င်ပါတယ်။မနက်ဖြန်ကျရင် ပတ်၀န်းကျင်အသစ်နဲ့ကျွမ်း၀င်အောင်လုပ်ဖို့ ခဲယ်လ်တစ် သူ့ကို အပြင်ခေါ်သွားစေလိုက်မယ်လို့ တွေးလိုက်ပြီး တခြားအစားအစာအချို့ကို သူရှာနိုင်မလားလို့ ကြည့်ရမယ်။နေ့တိုင်း အသားစားတာက မင်းတို့ကို ငြီးငွေ့စေလိမ့်မယ်လေ။

ခဲယ်လ်တစ်က သူနဲ့ခြင်္သေ့လေးနဲ့ နေနေတဲ့ ဂူအသေးလေးကို သန့်ရှင်းလိုက်ပြီး ပိုင်မုနေဖို့အတွက် ပြင်ဆင်ခဲ့တယ်။သူနဲ့တပေါက အပြင်ဘက်မှာ နေနိုင်ပါတယ်။ကံအားလျော်စွာနဲ့ သူ ကျောက်သားအိပ်ယာအပိုတစ်ခု ပြင်ဆင်ထားခဲ့ပြီးတော့ သူက တပေါရဲ့ ကျောက်သားအိပ်ယာကို ယူထုတ်ခဲ့တယ်။

ခဲယ်လ်တစ်က  အိမ်ကကျောက်သားအိပ်ယာပေါ်မှာ တိရိစ္ဆာန်သားရေ ဖြန့်ခင်းလိုက်ပြီးတော့ ပါးတဲ့တိရိစ္ဆာန်သားရေကိုတော့ ဂူ၀င်ပေါက်မှာ လိုက်ကာအဖြစ် တွဲလောင်းချိတ်ဖို့ အသုံးပြုခဲ့တယ်။ဒီနည်းလမ်းက ညဘက်မှာ ပိုပြီး နွေးထွေးလိမ့်မယ်။ဒါကြောင့် ညမှာ အအေးမိမှာကို မင်းစိုးရိမ်ဖို့ မလိုတော့ဘူး။

မှောင်နေပြီးတော့ အလင်းပေးဖို့ ပစ္စည်းကိရိယာတွေမရှိတာကြောင့် လူတိုင်းက စောစော အိပ်ယာ၀င်ကြတယ်။ပိုင်မုက ခဲယ်လ်တစ် သူ့အတွက် ပြင်ဆင်ပေးထားတဲ့အခန်းကို ကြည့်လိုက်တယ်။ရိုးရှင်းပေမယ့်လည်း သူက နွေးထွေးတယ်လို့ ခံစားလိုက်ရတယ်။

ညကျတော့ လူတိုင်း အိပ်မောကျနေတုန်း ပိုင်မုက နေရာလွတ်ထဲကို ၀င်လိုက်တယ်။ဒါပေမယ့် သူမသိလိုက်တာက သူ့အသက်ရှူသံပျောက်သွားတာနဲ့ ခဲယ်လ်တစ်ရဲ့ ရွှေရောင်မျက်၀န်းတစ်စုံက ပွင့်လာတာကိုပဲ။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now