Chapter 29.1

4.1K 761 21
                                    

(Unicode)

ကောင်းပြီ အဲဒါက မှန်ကန်ရဲ့လား။  ဒါပေမယ့် မျိုးနွယ်စုခေါင်းဆောင်က ပြောခဲ့တယ်။မင်းရဲ့ အမှန်ကန်ဆုံး အတွေးတွေကို ထုတ်ပြောရမယ် ။ ကသိကအောက်ဖြစ်ရသည်ဖြစ်စေ မဖြစ်ရသည်ဖြစ်စေ တစ်ဖက်လူကို မင်းဘာတွေးနေတယ်ဆို တာကိုသာ နားလည်ခွင့်ပေးလိုက်ပါတဲ့။ .  သူ့ရဲ့အမူအရာတွေက နည်းနည်းပိုပြီး သွယ်ဝိုက်နေသလိုများဖြစ်နေလား။  နောက်တစ်ကြိမ်ဆို ပိုတိုက်ရိုက်ဆန်လိုက်ရမလား။ နောက်မှ စဉ်းစားတော့မယ်။အလုပ်ပဲ အရင်လုပ်ရအောင်။

သူ(ခဲယ်လ်တစ်)အဲ့ဒီစကားပြောပြီးတဲ့နောက် ခဲယ်လ်တစ်က သူ့တံစဉ်းနဲ့ စပါးဆက်ရိတ်နေတာကို ပိုင်မုက ကြည့်လိုက်တယ်။  အဝတ်မပါတဲ့ အသားအရေက သလင်း‌ကျောက်လိုချွေးစက်တွေနဲ့ ဖုံးလွှမ်းနေပြီး သူ့ခန္ဓာကိုယ်ပေါ်က ကြွက်သားတွေက ချောမွေ့နေတယ်။သူ့(ခဲယ်လ်တစ်)ရဲ့လှုပ်ရှားမှုတွေက ဆက်ပြီး သက်တောင့်သက်သာဖြစ်လာတာနဲ့အမျှ (ပိုင်မုရဲ့)မျက်လုံးတွေကို ကျေနပ်စေတယ်။ သူက အရမ်းသာမာန်ဆန်ပုံပေါက်တဲ့ဝါကျတစ်ခုကို ဒီတိုင်းပြောလိုက်ပြီး ဒါက ကတိတစ်ခု ဒါမှမဟုတ် ချိုမြိန်တဲ့စကားတောင် မဟုတ်ခဲ့ပါဘူး။ဒါ‌ပေမယ့် ဒါပေါ့ ဒါက (ပိုင်မုအတွက်တော့)ကိစ္စကြီးတစ်ခုပါပဲ။

ဒါက အစစ်မှန်ဆုံးအရာပဲ ဟုတ်တယ်မလား။ သူ့ကို လက်ခံရတာ တကယ်ကောင်းတယ်လို့ ပိုင်မုခံစားရတယ်။ ခဲယ်လ်တစ်အပေါ်  သူ့ရဲ့နားလည်မှုကို အခြေခံရရင် သူ(ခဲယ်လ်တစ်)က အရမ်းတာဝန်ယူတတ်သူတစ်ယောက်ဖြစ်ပြီး မိသားစုကို ဦးစားပေးတတ်တဲ့သူဖြစ်တယ်။

  " ခင်ဗျားက တကယ်တော့ တော်တော်ကောင်းတဲ့လူလို့ ကျွန်တော်ထင်တယ်" ပိုင်မုက *လေးလံတဲ့အရာတွေကို ရှောင်ပြီး ပေါ့ပါးတာလေးတွေကိုပဲ ယူ(လက်ခံ)ချင်တယ်။ အရင်က ဒဏ်ရာတွေက သူ့ရဲ့စိတ်အားထက်သန်တဲ့နှလုံးသားကို တွန့်ဆုတ်အောင်လုပ်နေတုန်းပဲ။(*နာကျင်ခဲ့ဖူးတော့ ထပ်မယုံ ကြည်ရဲတာကို ပြောချင်တာပါ)

  "ဟဟ ဒါဆို မင်းဒီမှာ အမြဲနေလေ"

" ကောင်းပါပြီ ဒါနဲ့  *ကောင်းကင်က ပြောင်းလဲတဲ့အခါ မျိုးနွယ်စုထဲက သက်ကြီးရွယ်အိုတွေက ခြေထောက်တွေ နာကျင်ကြလား " ပိုင်မုက သူမြင်ဖူးတဲ့ မျိုးနွယ်စုထဲက သက်ကြီးရွယ်အိုတွေကို တွေးမိခဲ့တယ်။အရမ်းသပ်ရပ်ပေမယ့် မျက်လုံးတွေကတော့ သိပ်မကောင်းကြဘူး။(*မိုးချုပ်တဲ့အခါ)

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now