Chapter 3.1

9.3K 1.5K 25
                                    

(Unicode)

ခြင်္သေ့တောင်ပံမျိုးနွယ်

ပိုင်မုက ပဟေဠိဖြစ်နေတယ်။သူ ဒီလူရဲ့ဘာသာစကားကို မကြားဖူးဘူး ဒါပေမယ့် ဒီလူဘာပြောလဲဆိုတာကို သူနားလည်နေတယ်။ပြီးတော့ ဒီနေရာက ဘယ်နေရာလဲ?သူက ကားမတော်တဆဖြစ်တဲ့နေရာမှာ ရှိနေသင့်တာမဟုတ်ဘူးလား။

ပိုင်မုက သူ့ရဲ့ခြောက်သွေ့နေတဲ့လည်ချောင်းကို ခံစားရပိုပြီးကောင်းလာစေဖို့ တံတွေးမျိုချလိုက်ပြီး မေးခဲ့တယ်။"ဒါ ဘယ်နေရာလဲ"စကားပြောလိုက်ပြီးနောက် သူသိလိုက်ရတာက သူနဲ့ချောမောခန့်ညားတဲ့ နိုင်ငံခြားသားက တူညီတဲ့ဘာသာစကားကို ပြောခဲ့တယ်ဆိုတာကိုပဲ။

"ဒါက ခြင်္သေ့တောင်ပံလူမျိုးစုနဲ့ အနီးဆုံးဖြစ်တဲ့ Arugalတောအုပ်ရဲ့ အနောက်မြောက်ပိုင်းဘက်ပါ"ခဲယ်လ်တစ်က သူ့(ပိုင်မု)ရဲ့အသံထဲက ခြောက်သွေ့မှုကို သတိထားမိတယ်။ရှင်းပြနေတုန်းမှာ သူက ကျောက်ပန်းကန်လုံးတစ်လုံးယူလိုက်ပြီး ရေလောင်းထည့်ကာ ဂရုတစိုက်နဲ့ အနည်းငယ်အားနည်းနေတဲ့ ပိုင်မုကိုကိုင်ပြီး ရေသောက်စေတယ်။

ပိုင်မုရဲ့ကိုယ်ပေါ် ဖုံးထားတဲ့ တိရိစ္ဆာန်သားရေက လျှောကျသွာပြီး ဖြူဖွေးတဲ့သူ့ရဲ့ရင်ဘတ်ကို ထုတ်ဖော်ပြသလာတယ်။ခဲယ်လ်တစ်ရဲ့မျက်နှာက အနီရောင်ပြောင်းသွားပြီး ရှက်ကိုးရှက်ကန်းနဲ့ ရှင်းပြတယ်။"မင်း မနေ့က ဒဏ်ရာရထားခဲ့တာ၊ ဒါက မင်းဆေးလိမ်းဖို့ ကူညီခဲ့ရုံတင်ပါ"

ပိုင်မုက အခုဒဏ်ရာရှိနေသင့်တဲ့ သူ့ကိုယ်ပေါ်က ဒဏ်ရာတွေကို ကြည့်လိုက်တယ်။အဲ့ဒါက အရင်ကလိုပဲ အကောင်းပကတိပဲ၊ အရင်ကထက်တောင် အသားအရေက ပိုကောင်းလာသေးတယ်၊ သူ မထိန်းချုပ်နိုင်အောင် အံ့အားသင့်သွားတယ်။ဒီလူက သူ့ကို နတ်ဆေးလိမ်းပေးခဲ့တာများလား?အကျိုးသက်ရောက်မှုက အရမ်းကောင်းတယ်၊ မယုံနိုင်လောက်အောင်ပဲ။ ပြီးတော့ သူတို့အကုန်လုံးက ယောက်ျားတွေလေ။မြင်လည်း အဆင်ပြေတာကို ဒီလူကြီးက ရှက်သွေးဖြာနေတယ်။ဒီလူလည်း ဂေးဖြစ်နိုင်တယ်။

ခဲယ်လ်တစ်က သူ့ကြောင့်စုတ်ပြဲသွားခဲ့တဲ့ မနေ့က မိန်းမပျိုငယ်လေး၀တ်ဆင်ထားခဲ့တဲ့အရာကို ကြည့်လိုက်ပြီး သူ့ရဲ့ရှုပ်ပွနေတဲ့ပစ္စည်းတွေထဲက နူးညံ့တဲ့တိရိစ္ဆာန်သားရေတစ်ခုကို သူ့(ပိုင်မု)ကို ပေးလိုက်တယ်။"အရင်ဆုံး မင်းဒါနဲ့ ပတ်ထားလိုက်ပါ"

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now