Chapter 30.2

3.8K 782 9
                                    

(Unicode)

သူတို့ တာ့ဝူရဲ့ဂူကို ရောက်သွားတဲ့အခါ များစွာသောorcတွေကလည်း ဂူ၀င်ပေါက်တဝိုက်မှာ အတူစုရုံးနေကြတယ်။မီးတုတ်တွေရဲ့အလင်းရောင်က ဂူထဲမှာရှိနေပြီး ဂူရဲ့ထောင့်တိုင်းကို အလင်းရောင်ပေးနေတယ်။ဂူထဲကနေ အားနည်း‌မှိန်ပြတဲ့ ငိုသံလေးတောင် ထွက်မလာပါဘူး။အဲ့ဒီအချိန်မှာ မျိုးနွယ်စုခေါင်းဆောင်က ဂူအပြင်ဘက်ကို ထွက်လာပြီး ဂူ၀င်ပေါက်ပတ်ပတ်လည်မှာရှိနေတဲ့ orcsကို ပြောခဲ့တယ်။"ပြန်သွားကြတော့ မင်းတို့ကာကွယ်ရမယ့်လူတွေက အိမ်မှာရှိနေတုန်းပဲ ၊ ဒီမှာ မင်းတို့လုပ်လို့ရမယ့်ဟာ တစ်ခုမှမရှိဘူး"

ဒါကိုကြားပြီးနောက်မှာ orcsတွေက တဖြည်းဖြည်း ထွက်ခွာသွားကြတော့တယ်။ခဲယ်လ်တစ်က ပိုင်မုကို ဂူထဲ တိုက်ရိုက်ပဲ သယ်ဆောင်သွားတယ်။ထို့နောက် ကြီးမြတ်တဲ့စုန်းမက သူ့ကို မြင်သွားပြီ နှုတ်ဆက်ခဲ့တယ်။ ခဲယ်လ်တစ်ရဲ့ ကျောပေါ်က ပြုတ်ကျလာတဲ့ ပိုင်မုကို သူ(တာ့ဝူ)က စိုးရိမ်ကြောင့်ကြစွာနဲ့  ဆွဲလိုက်ပြီး ကျောက်သားအိပ်ယာပေါ် တင်လိုက်တယ်။

"ပိုင်မု ဒီဒဏ်ရာနဲ့ပတ်သက်ပြီး မင်းတစ်ခုခုလုပ်နိုင်မလားလို့ လာကြည့်ပေးပါဦး ငါ ဆေးဖက်၀င်အပင်တွေနဲ့ လုပ်ကြည့်ပြီးပြီ ဒါပေမယ့် အကျိုးသက်ရောက်မှုက သိပ်မကောင်းဘူး"

ပိုင်မုက ဒဏ်ရာကို မြင်ပါတယ်။အိပ်ရာပေါ်က လူက မမျှော်လင့်ထားစွာနဲ့ အယ်လီဖြစ်နေတယ်။သူ့ရဲ့ဘယ်ဘက်လက်မောင်းမှာ သေးငယ်တဲ့ အပေါက်လေးနှစ်ပေါက်ရှိပြီး သူ့လက်မောင်းက ဖူးရောင်နေတယ်။ဆေးမန်းနဲ့ သွေးရည်ကြည်ဖုတွေက တချို့နေရာတွေမှာ ပေါ်နေပြီ။ကြီးမြတ်တဲ့စုန်းမက အခုလေးတင် သူ့ကို ဆေး‌ထည့်ပေးထားပုံရပြီး သူ့လက်မောင်းပေါ်မှာ အစိမ်းရောင်မည်းမည်းအရည်တချို့ ရှိနေတုန်းပဲ။

ဒဏ်ရာကို စစ်ဆေးပြီးနောက် ပိုင်မုက ထိတ်လန့်သွားတယ်။သူ(အယ်လီ)က သိသိသာသာကို အဆိပ်ရှိတဲ့မြွေတစ်ကောင်ကိုက်တာ ခံခဲ့ရတာပဲ။သူကလေးအရွယ် သူ့အဘွားအိမ်မှာ သွားဆော့တုန်းက အဆိပ်ရှိမြွေကိုက်တာ ခံခဲ့ရတဲ့ အိမ်နီးချင်းဦးလေးကြီးရဲ့ဒဏ်ရာကို သူမြင်ဖူးတယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now