Chapter 57.1

2.2K 374 6
                                    

Unicode

မီးမြားက ခြံစည်းရိုးအပြင်ဘက်မှာ တဟုန်းဟုန်းတောက်လောင်နေတဲ့  မီးကို ထိသွားပြီး အနီရောင်မီးတောက်ကြီးဖြစ်ပေါ်လာကာ  လောင်ကျွမ်းနေတဲ့ အသားနံ့နဲ့ သားရဲတွေရဲ့အော်သံတွေက ငရဲက ရုပ်ပုံသဏ္ဍာန်တွေနဲ့တောင် တူနေခဲ့တယ်။ထိုအချိန်မှာ အပြင်ဘက်က ကြောက်မက်ဖွယ်ရာ ထိတ်လန့်စရာကြောင့် လူတိုင်း အံ့အားသင့်သွားကြပြီး သူတို့ရဲ့လက်လှုပ်ရှားမှုတွေက ရပ်တန့်သွားကြတယ်။

ဂူထဲက မိန်းမပျိုလေးတွေက ​​နှလုံးသည်းပွတ်ကွဲမတတ်အော်သံတွေကို ကြားလိုက်ရတဲ့အခါ ပိုလို့တောင် တုန်လှုပ်သွားကြပြီး သူတို့တွေက ကြောက်ရွံ့သွားကြတယ်။ ထိတ်လန့်စရာရုပ်ရှင်တွေကြည့်တတ်တဲ့ ပိုင်မုတောင် အဲဒီအခိုက်အတန့်မှာကြောက်ရွံ့မှုအရိပ်အယောင်တွေ ရှိနေခဲ့တယ်။ သို့သော် ရှင်သန်မှုနဲ့သေခြင်းတရားကိုရွေးချယ်ရတဲ့ အခိုက်အတန့်မှာတော့ လျင်မြန်စွာငြိမ်သက်သွားခဲ့တယ်။

"မရပ်လိုက်နဲ့ ဆက်တိုက်ခိုက်ကြမယ်" ပိုင်မုရဲ့ အော်သံက လူတိုင်းရဲ့စိတ်ကို ပြန်ဆွဲယူလိုက်ပြီး သူ့ကိုယ်သူ စိတ်ပြန်ထိန်းပြီးနောက်မှာ တိုက်ခိုက်မှုအသစ်တစ်ခုကို စတင်လိုက်တယ်။

ခြံစည်းရိုးကို သစ်သားနဲ့ ပြုလုပ်ထားတာ။ အရင်က ရေပက်ထားတာကြောင့် အချိန်အတော်ကြာပြီးနောက်မှာတောင် မီးလောင်သွားမှာမဟုတ်ဘူး။ ဒါပေမယ့် အဲဒီရက်စက်တဲ့ သားရဲတွေက ခြံစည်းရိုးကို ပြင်းပြင်းထန်ထန်  ထိခိုက်စေနိုင်သရွေ့တော့ ထိန်းချုပ်နိုင်မှာမဟုတ်ဘူး။

ဖေးကျီနဲ့ အခြားမိန်းမပျိုငယ်လေးတွေက မီးကြောင့်တုန်လှုပ်နေကြပြီးအပြင်ကအသံတွေကလည်း ကြောက်မက်ဖွယ်ကောင်းတယ်။ အဲ့ဒီသားရဲရိုင်းတွေက အချိန်မရွေးပြေးဝင်လာပြီး သူတို့ကိုတစ်စစီဖြစ်အောင် အပိုင်းပိုင်းကိုက်ဖြတ်တော့မလိုပဲ။ရေနွေး၊ ဆီပူနဲ့ ပစ္စည်းတွေကို  ရွေ့နေတဲ့ လူကြီးတွေကို မြင်တော့ သူတို့က ပိုတောင်ကြောက်သွားကြတယ်။ သားရဲရိုင်းတွေက တိုက်ခိုက်တော့မှာလား။ သူတို့ အဲ့ဒီသားရဲတွေကို တကယ်အနိုင်ယူနိုင်ပါ့မလား။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now