Chapter 61.2

2K 338 2
                                    

Unicode

"အစ်ကိုကြီးပိုင်မု ကျွန်တော်တို့အခု ဘာလုပ်မှာလဲ" ဘယ်ကီက အပြင်မှာ လှည့်ပတ်ပျံသန်းနေတဲ့ ငှက်တွေကို ကြည့်ပြီး စိုးရိမ်နေတယ်။

"ပြီးခဲ့တဲ့အခေါက်တုန်းက အစီအစဉ်အရ သူတို့ရဲ့ တိုက်ခိုက်နိုင်တဲ့စွမ်းအင်ကို လျှော့ချပြီး ကုန်အောင်လုပ်ဖို့ အရင်ဆုံးဂူရဲ့အားသာချက်ကို ယူရမယ်" ပိုင်မုက ဂူအပြင်ဘက်မှာ လှည့်ပတ်ပျံသန်းနေတဲ့ငှက်တွေကို ကြည့်လိုက်တယ်။ ငှက်တွေက တိုက်ခိုက်ဖို့ကြိုးပမ်းပေမယ့်လည်း ငှက်အများအပြားက တံခါး၀မှာ ချိတ်ဆွဲခံထားရဆဲဖြစ်တာကိုတွေ့တဲ့အခါ တုံ့ဆိုင်းနေကြတယ်။

ပိုင်မုက ဂူအပြင်ဘက်မှာ လှည့်ပတ်ပျံသန်းနေတဲ့ငှက်တွေကို ထိရောက်စွာတိုက်ခိုက်နိုင်ဖို့အတွက် ကျောက်တုံးပစ်ချနေတဲ့သူတွေကို မြားပစ်သမားအဖြစ် ပြောင်းလဲပေးဖို့ တောင်းဆိုခဲ့တယ်။ ခဲယ်လ်တစ်က တံတိုင်းအမြင့်ရဲ့ အောက်မှာရှိနေတဲ့ သားရဲအလောင်းတွေကို ငုံ့ကြည့်လိုက်ပြီး သူ့နှုတ်ခမ်းထောင့်စွန်းက အနည်းငယ်ကော့တက်သွားတယ်။ သူ့မိသားစု၀င်ပိုင်မုက ထက်မြက်ပြီး ဒါက  orc အသေအပျောက်များနိုင်ခြေကို သိသိသာသာလျှော့ချနိုင်မှာဖြစ်တယ်။

တံတိုင်းအောက်မှာရှိနေတဲ့ သားရဲတွေက တံတိုင်းကိုမဖြိုဖျက်နိုင်တာကိုမြင်လိုက်ရတာကြောင့် ထောင့်စွန်းနားကို သူတို့ရဲ့ခြေသည်းတွေနဲ့ စတင်တူးထုတ်ကြတော့တယ်။ သားရဲရဲ့စွမ်းအားနဲ့ တံတိုင်းကို တူးဖော်ဖို့လွယ်ကူပေမယ့်လည်း ထိုအချိန်မှာ ခေါင်းပေါ်ပစ်ချဖို့ ကျောက်တုံးတစ်တုံးမှ မရှိတော့ပါဘူး။ကြီးမားတဲ့သားရဲတွေကို တံတိုင်းပေါ်ခုန်တက်ဖို့ရာ ခြေနင်းကျောက်အဖြစ် အသုံးပြုလိုတဲ့  ပြင်းပြင်းထန်ထန်ခုန်နိုင်စွမ်းရှိတဲ့ သားရဲရိုင်းတွေလည်းရှိပါတယ်။သူတို့ရဲ့ ရည်ရွယ်ချက်ကို ရှာဖွေတွေ့ရှိသွားတဲ့ Orcsတွေက မြှားနဲ့ပစ်ဖို့ ချက်ခြင်းမြားပစ်သမားတွေကို ခေါ်လိုက်ပြီး ခုန်တက်လာတဲ့ သားရဲတွေက ချက်ချင်းပဲဖြူကောင်တွေဖြစ်သွားကြတယ်။(T/N- မြားပစ်ခံလိုက်ရလို့ပါ)

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now