Chapter 48.2

2.9K 458 7
                                    

Unicode

"ဟားဟားဟား၊ ကျွန်တော်တကယ်ကံကောင်းတယ်၊ သူတို့တွေမနာလိုဖြစ်အောင် လုပ်ရတာ အရမ်းကံကောင်းတာပဲ"ခဲယ်လ်တစ်က တာ့ဝူရဲ့ ကျီစယ်စကားကို သတိမပြုမိဘူး။

"ခဲယ်လ်တစ် သူတို့မနာလိုဖြစ်အောင် လုပ်ရတာ ကံကောင်းတယ်လို့‌ ဘာလို့ပြောရတာလဲ " ပိုင်မုက ထူးဆန်းတယ်လို့ ခံစားရတယ်။ခဲယ်လ်တစ်က ကံကောင်းတယ်လား။သူ ဘာလို့ ပိုက်ဆံမကောက်တွေ့ရတာလဲ။အိုး၊  မဟုတ်သေးဘူး။ ဒီမှာ ပိုက်ဆံမရှိဘူးပဲ။

"မင်းနဲ့တွေ့ပြီး ချစ်သူတွေဖြစ်ခဲ့ရတဲ့အတွက် ကိုယ်အရမ်းကံကောင်းတယ်" ခဲယ်လ်တစ်က ပိုင်မုကို နူးညံ့စွာကြည့်ရင်း ကြင်ကြင်နာနာပြောခဲ့တယ်။

"အိုး ခင်ဗျား ဒါကိုပြောတာဆိုရင်တော့ တကယ်အရမ်းကံကောင်းတယ်" ပိုင်မုက ကျိုးနွံမယ့် ရည်ရွယ်ချက်လုံးဝမရှိဘဲ  အေးအေးဆေးဆေး လက်ခံလိုက်တယ်။

"ကံမကောင်းစွာပဲနဲ့  သားမှာဖေးကျီရှိနေပြီ မဟုတ်ရင် အပြင်ထွက်ပြီး အနာဂတ်မှာ ‌တစ်ယောက်လောက်သွားကောက်ဦးမှာ" တပေါက ကြားဖြတ်ပြောခဲ့ပြီး လူတိုင်း နောက်ပြောင်တာကို ခံလိုက်ရတယ်။

"ကောက်တွေ့ဖို့က အရမ်းလွယ်တယ်လို့ မင်းထင်တယ်ပေါ့ ၊ အရူးလေး" အန်းချီလော့က ပြုံးပြီး တပေါရဲ့ ခေါင်းကိုပွတ်သပ်လိုက်တယ်။

ညရောက်တော့ ကွင်းပြင်ထဲမှာ မီးပုံအကြီးကြီးဖိုခဲ့တယ်။ လူအုပ်ကြီးက  လူစုမခွဲကြဘဲ ဆက်လက်သီဆိုကခုန်ဖို့ မီးပုံနား လူစုခဲ့ကြတယ်။ ဒါက ပျော်ရွှင်မှုတစ်ခုတည်းပဲ မဟုတ်ပါဘူး။ပွဲတော်မတိုင်ခင် ချစ်သူတွေဖြစ်ခဲ့ကြတဲ့ ကြင်စဦးအတွဲတွေလည်း  ဖျော်ဖြေဖို့ တောင်းဆိုခံခဲ့ရပါတယ်။ Orcsတွေကြားက စိန်ခေါ်မှုက အခုပြီးသွားပါပြီ။ ပိုင်မုနဲ့ခဲယ်လ်တစ်တို့က ဒီပျော်ရွှင်မှုပင်လယ်ထဲမှာ ယုံကြည်မှုအပြည့်နဲ့ ပါဝင်လာခဲ့ကြတယ်။မိန်းမပျိုလေးတွေက သူတို့နှစ်ဦးလာနေတာကိုမြင်လိုက်ရပြီး ဆိုင်ရယ်က ပိုင်မုအချစ်သီချင်းသီဆိုဖို့ရာအတွက် မျိုးနွယ်စု၀င်တွေကို စတင်ဦးဆောင်နှိုးဆော်ခဲ့တယ်။ ဒီနေ့မှာ ခဲယ်လ်တစ်က အရိုက်ခံခဲ့ရပြီး သူ့ကိုကဖို့ တောင်းဆိုတာက ပိုသနားစရာကောင်းသွားမှာကြောင့်ဖြစ်တယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now