Chapter 66.1

2.2K 362 1
                                    

Unicode

Chapter 66.1

"ခင်ဗျား မြန်မြန်နေကောင်းလာသရွေ့ အဲဒါကို ထည့်တွက်လို့ရတယ်" ပိုင်မုကပြုံးပြီး ခဲယ်လ်တစ်ကိုကြည့်လိုက်တယ်။ ဒီအချိန်မှာ သူက ဖြူဖျော့နေပြီး အားအင်မရှိပေမယ့်လည်း နောက်ဆုံးမှာ   နိုးလာခဲ့တယ်။ ဒါပေမယ့် ဒီလူက နိုးလာတဲ့အချိန်ကို ရွေးချယ်ရာမှာ အရမ်းတော်တာပဲ ၊ ဟုတ်တယ်မလား။

ခဲယ်လ်တစ်က ပိုင်မုရဲ့တောက်ပတဲ့အပြုံးကို ကြည့်ပြီး သူ့ပါးစပ်ထောင့်တွေက မသိလိုက်စွာနဲ့ မြင့်လာခဲ့တယ်။ နောက်ဆုံးတော့ သူ့ဆုတောင်းပြည့်ခဲ့ပြီ။ တကယ်တော့ နာကျင်ခံရတာလည်း မဆိုးဘူးပဲ။ ဒါက အဆိုးထဲက အကောင်းများလား။

သူတို့ရဲ့ချစ်ခင်ကြင်နာမှုကို အနှောင့်အယှက်မဖြစ်စေဖို့အတွက် တပေါနဲ့အန်းချီလော့က တိတ်တဆိတ် ရယ်မောလိုက်တယ်။ ပန်းရောင်ပူဖောင်းတွေ လွင့်ပျံနေတဲ့ လူနှစ်ယောက်ကို လိန်းကျယ်က အရမ်းမနာလိုဖြစ်မိတယ်။ သူ့မိသားစု၀င် အန်းချီလော့လေးက ဘာကြောင့် အရွယ်မရောက်လာရသေးတာလဲ။ သူ့ကို လက်ထပ်ပြီး အိမ်ခေါ်လာချင်ရင် နှစ်နှစ်ကျော်လောက် သူစောင့်ရဉီးမယ်။ ဘယ်လောက်တောင်ရှည်ကြာပြီး ခက်ခဲမယ့် နှစ်နှစ်လဲ။

ခဲယ်လ်တစ်က ပိုင်မုနဲ့ စကားအနည်းငယ်ပြောပြီး အားနည်းသွားကာ ထပ်အိပ်ပျော်သွားပြန်တယ်။ အခု သူ့ခန္ဓာကိုယ်က အချိန်အကြာကြီး နိုးနေနိုင်ဖို့ကို အရမ်းအားနည်းလွန်းတယ်။

သူနိုးလာတဲ့အချိန်တုန်းက ပိုင်မုက သူ့ပါတနာလုပ်ဖို့ ဆန္ဒရှိတယ်လို့ ကြားလိုက်ရတဲ့အတွက် အဲဒါက အိပ်မက်လား တကယ်လားဆိုတာကို အတည်ပြုဖို့ မျက်လုံးဖွင့်ဖို့ ကြိုးစားခဲ့တယ်။ အခုတော့ ပိုင်မုဆီက အပြုသဘောဆောင်တဲ့ အဖြေကို ရလိုက်တဲ့အတွက် သူပင်ပန်းတယ်လို့ခံစားလာရပြီး အမှောင်ထဲကို ပြန်ကျသွားခဲ့တာဖြစ်ပါတယ်။

ခဲယ်လ်တစ် ထပ်ပြီးအိပ်ပျော်သွားတာကို မြင်လိုက်ရတော့ တပေါက အရမ်းကြောက်လန့်သွားပြီး ကြီးမြတ်တဲ့စုန်းမကို အလျင်အမြန်ဖိတ်ကြားလိုက်တယ်။ ကြီးမြတ်တဲ့စုန်းမက ခဲယ်လ်တစ်ကိုကြည့်ပြီး ပြောတယ်။"နိုးလာပြီဆိုတော့ ဘာမှစိုးရိမ်စရာမရှိတော့ပါဘူး ကောင်းကောင်း အနားယူပြီး ဖြည်းဖြည်းချင်းဂရုစိုက်စောင့်ရှောက်သွားရင် အနာက ရောင်ရမ်းတာတွေ ကျိုးပဲ့တာတွေ ဖြစ်လာမှာမဟုတ်ဘူး” ဂူထဲကလူအနည်းငယ်က စိတ်သက်သာရာရသွားတယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now