Chapter 38.2

3.3K 545 5
                                    

Unicode

"အစ်ကိုကြီးပိုင်မု၊ ဒီပိုးကောင်က အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်" အန်းချီလော့က နောက်ပြန်လှည့်ကြည့်လိုက်ပြီး ပိုင်မုကို ပြုံးပြလိုက်တယ်။

ပိုင်မုက ခုန်ပေါက်ပြီး အော်ပစ်လိုက်ချင်တယ်။မင်းအစ်မကိုပဲ စိတ်၀င်စားစရာကောင်းနေလိုက်!!အဲ့ဒါကြီးက လုံး၀မုန်းစရာကောင်းနေတာကို။ အဲ့ဒါကြီးရဲ့ သိပ်သည်းနေတဲ့ ခြေထောက်တွေကို ကြည့်လိုက်မိရင်း သူ့ရဲ့ဦးရေပြားက ထုံကျင်လာသလို ခံစားရတယ်။

"ဟ ဟ၊ အဲဒါက ရွံစရာမကောင်းဘူးလား။" ပိုင်မုရဲ့ပါးစပ်က  တွန့်သွားပြီး ခဲယ်လ်တစ်ကို မသိစိတ်ကနေ မှီလိုက်တယ်။

"မကောင်းပါဘူး၊ သူ့ကိုယ်က ချောနေပြီး ထိလိုက်တော့ တွန့်သွားတယ် သူ့ကို ထိရတာ ပျော်စရာကောင်းတယ် “အန်းချီလော့က ဒီပိုးကောင်က အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်လို့ ထင်တယ်။

"ကျွန်တော် အဲဒါကို မုန်းတယ် အရမ်းမုန်းတာ" ပိုင်မုက  အန်းချီလော့ကြောင့် ဘေးကိုအလှိမ့်ခံလိုက်ရပြီး သူ့ခန္ဓာကိုယ်ကို ဖွင့်လိုက်ကာ အဝေးကို  တွားသွားနေတဲ့ မာလုကို ကြည့်ရင်း အန်းချီလော့ကို လေးလေးနက်နက်ကြည့်ကာ ပြောလိုက်တယ်။

အစ်ကိုကြီးပိုင်မုက စိတ်ဝင်စားဖို့ကောင်းမယ်လို့ ပြောမယ်သူထင်တဲ့အတွက် အန်းချီလော့က ၀မ်းနည်းသွားတယ်။

ပိုင်မုက ထူးဆန်းတဲ့ဝါသနာရှိတဲ့ အန်းချီလော့ကို လျစ်လျူရှုလိုက်ပြီး သစ်ပင်ခြေရင်းကို လျှောက်သွားကာ သူ့ပတ်ဝန်းကျင်မှာ မုန်းစရာကောင်းတဲ့ ကင်းနားသန်ကောင်(millipede)တွေ မရှိတော့ကြောင်းကို  အလေးအနက်အတည်ပြုခဲ့တယ်။အစိမ်းနဲ့အဖြူရောင်ရှိတဲ့ ခေါင်းစိမ်းမှိုလေးတွေက သစ်ရွက်ဆွေးပုံကနေ ပေါ်ထွက်နေတယ်။

"ကျွန်တော် ကောက်ချင်တာက ဒီလိုမှိုမျိုးပါ"

"ပိုင်မု၊ ဒါက အဆိပ်ရှိပြီး စားလို့မရဘူး"လိန်းကျယ်က သတိပေးလိုက်တယ်။

"ဒါက စားလို့ရတယ် ဒါပေမယ့် ကျက်အောင်ချက်ရမယ် မင်းတို့ ကောက်တဲ့အခါ သတိထား၊ အရမ်းလှတဲ့ဟာတွေကိုတော့ မကောက်နဲ့၊ အဲ့ဒါက အဆိပ်ရှိတယ်၊မင်းတို့ အဲဒါကို ကောက်ပြီးရင် ကျွန်တော်လည်း ထပ်ကောက်မယ်" ပိုင်မု က သူတို့ကိုအတိုချုံးပြီး မိတ်ဆက်ပေးလိုက်တယ်။ ထို့နောက်မှာ  ခြင်းတောင်းကိုယူလိုက်ကြပြီး သီးခြားစီ လှုပ်ရှားကြတော့တယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now