Chapter 13.2

5.5K 967 20
                                    

(Unicode)

"အိုး အဲ့ဒါက အဲ့လိုကိုး"ပိုင်မုက အတွေးနယ်ချဲ့နေတယ်။

မနက်ခင်းအချိန်က လျင်လျင်မြန်မြန်ပဲ ကုန်လွန်သွားပြီး နေ့လည်စာစားပြီးနောက် မျိုးနွယ်စုခေါင်းဆောင်ပို့လိုက်တဲ့ ငယ်ရွယ်တဲ့orcဆယ်ယောက်က ရောက်လာခဲ့တယ်။

"ခဲယ်လ် မျိုးနွယ်စုခေါင်းဆောင်က မင်းဆီလာဖို့ပြောခဲ့တယ်။ဒီအဖွဲ့ကို ခေါင်းဆောင်ဖို့ မင်း တာ၀န်ယူရလိမ့်မယ်"စကားပြောလိုက်တဲ့တစ်ယောက်က နီသယောင်ယောင်ဖြစ်နေတဲ့ဆံပင်နဲ့ ကြမ်းတမ်းတဲ့အသွင်အပြင်ရှိတဲ့ ယောက်ျားတစ်ယောက်ဖြစ်တယ်။သူ့နောက်ကလိုက်လာတဲ့ ငယ်ရွယ်တဲ့orcကိုးယောက်က ပိုင်မုကို သိချင်စိတ်ပြင်းပြစွာနဲ့ ကြည့်လိုက်ကြတယ်။ဒါက ဘုရားသခင်ရဲ့တမန်တော်ပဲ!သူက ကြည့်ရတာအရမ်းလှတယ်။ဘာလို့ သူ(ပိုင်မု)က သူတို့နဲ့မဆုံခဲ့ရတာလဲ။ခဲယ်လ်တစ်က တကယ်ကို ကံကောင်းတဲ့ကောင်ပဲ။

တစ်ယောက်ကိုတစ်ယောက် သိပြီးနောက် အဖွဲ့က ခရီးထွက်ခဲ့ကြတယ်။ပိုင်မုက ခဲယ်လ်တစ်ရဲ့ကျောပေါ်မှာ ထိုင်နေပြီး သူ့အနီးနားမှာ ပျံသန်းနေကြတဲ့ ကြီးမားတဲ့ခြင်္သေ့ထီးတွေကို ကြည့်လိုက်တယ်။ခြင်္သေ့တွေက ကောင်းကင်မှာ ပျံသန်းနိုင်ရင် တနေ့မှာ ကောင်းကင်မှာပျံသန်းနေတဲ့ နွားတွေကိုသူမြင်ရလိမ့်မယ်လို့ သူထင်တယ်။သူက အဲ့ဒီအကြောင်းကို တွေးပြီး အရမ်းပျော်တယ်လို့ ခံစားလိုက်ရတယ်။ဒီကုန်းမြေတိုက်မှာ နွားတောင်ပံ‌မျိုးနွယ်စုများရှိလားလို့ နောက်နေ့ကျရင် ခဲယ်လ်တစ်ကို သူမေးကြည့်ရမယ်။

သိပ်မကြာခင် သူတို့ သူတို့ရဲ့ပန်းတိုင်ဆီ ရောက်သွားပြီး သူတို့ရဲ့ရှေ့မှာ ကျတ်တီးတောင်ကုန်းတစ်ခု ပေါ်လာတယ်။တောင်ကုန်းက ကျောက်တုံးတွေအပြည့်ပဲ။မြေပြင်ပေါ်ဆင်းပြီးနောက် orcတွေက လူသားပုံစံပြန်ပြောင်းလိုက်ကြတယ်။ပိုင်မုက သူလိုတဲ့ကျောက်တုံးအရွယ်အစားကို အကြမ်းဖျင်းပြောလိုက်ပြီး လူတိုင်းက သီးခြားစီ စတင်ရွေ့လျားလိုက်ကြတယ်။ပိုင်မုက ကျောက်တုံးများစွာကို ကြည့်ခဲ့ပြီး သူ့ရဲ့နှုတ်ခမ်းထောင့်စွန်းတွေက မဲ့သွားတယ်။သူပဲ ထွက်ရှာရတော့မယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now