Chapter 23.1

4.4K 806 5
                                    

(Unicode)

ညကျတော့ ခဲယ်လ်တစ်က ပိုင်မုရဲ့အသက်ရှူသံပျောက်သွားပြီး ပြန်ပေါ်လာတာကို စောင့်နေခဲ့ပြီး သူ့(ပိုင်မု)ရဲ့အခန်းကို လာခဲ့တယ်။သူ(ခဲယ်လ်တစ်)က တိရိစ္ဆာန်သားရေကန့်လန့်ကာကို ဖြတ်ပြီး ပြောခဲ့တယ်။"မင်း အိပ်နေပြီလား ပိုင်မု"

"ဘာလို့ရှာနေတာလဲ ခဲယ်လ်တစ်"

"ကိုယ်မင်းကို တစ်ခုခုပြောစရာရှိတယ်"ခဲယ်လ်တစ်က အရမ်းစိတ်လှုပ်ရှားနေပြီး တည်ငြိမ်တဲ့ပုံပေါက်အောင် သူ့ကိုယ်သူလုပ်ဖို့ သူ့ရဲ့စိတ်ခံစားချက်တွေကို ငြိမ်သက်အောင် ကြိုးစားခဲ့တယ်။

"ကောင်းပြီလေ ခနစောင့်"ပိုင်မုက ထရပ်ပြီးနောက် သူ့ရဲ့ကုတ်အင်္ကျီကို ၀တ်ဆင်လိုက်ပြီး ကန့်လန့်ကာကို ဖွင့်လိုက်ကာ သူ့အရှေ့မှာ ကြီးမားမှောင်မိုက်တဲ့အရိပ်တစ်ခုကို မြင်ခဲ့တယ်။ရိုးရှင်းတဲ့မီးဖိုလေးထဲက ပြတ်တောင်းပြတ်တောင်းဖြစ်လာတဲ့မီးတောက်လေးကသာလျှင် ဂူထဲမှာ အလင်းရောင်မှိန်မှိန်တချို့ကို ယူဆောင်ပေးနေတယ်။ပိုင်မုက ခဲယ်လ်တစ်ဆီက ရင်းနှီးကျွမ်း၀င်ပြီး စိတ်ချ‌စေတဲ့ အသက်ရှူသံကို ကြားလိုက်ရတယ်။

"ဂူ၀င်ပေါက်ကိုသွားပြီး စကားပြောရအောင်"ညရဲ့အမှောင်ထုက orcsတွေပေါ်ကို သက်ရောက်မှုမရှိပါဘူး။ခဲယ်က ပိုင်မုရဲ့လက်ကို ဆွဲယူလိုက်တယ်။ပိုင်မုက အလိုအလျောက် နောက်ပြန်ဆုတ်သွားချင်ခဲ့ပေမယ့် သူ့ရဲ့လက်က တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ခံထားရတယ်။

"မလှုပ်နဲ့ အမှောင်ထဲမှာ ကိုယ်မင်းကို ခေါ်သွားပေးမယ်"

ပိုင်မုက လှည့်ပတ်ကြည့်လိုက်ပြီး သူတကယ်ကို ပြတ်ပြတ်သားသားမမြင်နိုင်ဘူးပဲ။ထို့နောက် သူက အမှောင်ထဲက ခဲယ်လ်တစ်ရဲ့ ‌ရွှေရောင်ဖျော့ဖျော့မျက်၀န်းတွေကို ကြည့်လိုက်ပြီး orcsတွေရဲ့ညဘက်မြင်နိုင်စွမ်းက သားရဲတွေနဲ့ တူတာပဲလို့  သူ့နှလုံးသားထဲကနေ ရေရွတ်ခဲ့တယ်။ဒါပေမယ့် ဒီအချိန်လေးမှာ သူက မရုန်းကန်တော့ပဲ နာနာခံခံနဲ့ သူ့ကို နောက်ဆုံးအကြိမ်က သူတို့ထိုင်ပြီး စကားပြောခဲ့တဲ့ နေရာကို ခဲယ်လ်တစ်ကို ခေါ်သွားခွင့်ပြုလိုက်တယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now