Chapter 44.2

2.9K 480 2
                                    

[Unicode]

ဘန်ဆွန်က ပိုင်မုကို တိတ်တဆိတ်လေး ကြည့်နေတယ်။ နတ်ဘုရားတမန်တော်က သာမန် orc တစ်ယောက်နဲ့တူပြီး အဲ့ဒါနဲ့ပတ်သက်ပြီး ထူးဆန်းတာ ဘာမှမရှိနေပါဘူး ။  ကွဲပြားတာတခုခုကို သူပြောရရင် အဲ့ဒါက သူ့ရဲ့ဉာဏ်ပညာဖြစ်နိုင်တယ်။တမန်တော်က အရမ်းလှပပေမယ့်လည်း၊ ကေစီလောက် ရုပ်မချောသလို ချစ်စရာလည်းမကောင်းပါဘူးလို့ ဘန်ဆွန် ထင်တယ်။

ပိုင်မုက ဘန်ဆွန်မြေကြီးပေါ်ချထားတဲ့တောင်းကို ကြည့်လိုက်တယ်။အထဲမှာ ငါးသေးသေးလေးတွေအများကြီးရှိတယ်။ ပိုင်မုက ကေစီရဲ့က‌လေးဆန်ဆန်တောက်ပနေတဲ့ မျက်၀န်းတွေကို ကြည့်လိုက်ပြီး သူ့ခေါင်းကိုထိဖို့ လက်ဆန့်လိုက်တယ်။ သူကပြုံးပြီး ပြောလိုက်တယ်။ "ကျေးဇူးတင်ပါတယ် ကေစီက အရမ်းတော်တဲ့ကလေးလေးပဲ"

ချီးကျူးခံလိုက်ရတဲ့ ကေစီရဲ့ မျက်နှာပေါ်က အပြုံးက ပိုတောက်ပလာပြီး ဘန်ဆွန်က ခဏလောက် ကြက်သေ,သေသွားတယ်။ ဒါပေမယ့် သူ မြန်မြန်ပြန်ကောင်းလာခဲ့တယ်။ ကေစီက ဘန်ဆွန်ရဲ့အမူအရာကို သတိမထားမိပေမယ့်လည်း အန်းချီလော့နဲ့ နီရှိဇ၀တို့က အဲ့ဒါကို မလွတ်သွားခဲ့ကြဘူး ။လူအနည်းငယ်က  တစ်ယောက်နဲ့တစ်ယောက် ကြည့်လိုက်ကြတယ်။ ဒီကျားတောင်ပံ orc က ကေစီကို မကြိုက်နေလောက်ပါဘူး ဟုတ်တယ်မလား။ သူတို့နှစ်ယောက် ဘယ်တုန်းက ဆုံခဲ့ကြတာလဲ။

"ကေစီ မင်း ခေါ်လာတဲ့သူငယ်ချင်းနဲ့ မမိတ်ဆက်ပေးတော့ဘူးလား " ဆိုင်ရယ်က အဆုံးမှာ မေးဖို့မအောင့်နိုင်တော့ဘဲ   သူ့မျက်နှာမှာ ငါ့ကိုပြောပြ၊ ငါ့ကိုပြောပြဆိုတဲ့ သိချင်စိတ်တွေ အပြည့်ရှိနေတယ်။

"အာ ဒါနဲ့ အားလုံးကို မိတ်ဆက်ပေးပါရစေ ဒါက ကျားတောင်ပံမျိုးနွယ်စုက orc တစ်ယောက်ဖြစ်တဲ့ ဘန်ဆွန်ပါ ဒီနေ့ ကျွန်တော့်ကို ငါးကူမျှားပေးလို့ ကျေးဇူးတင်နေတုန်းပဲ" ကေစီက အခုအချိန်မှာစိတ်ကောင်း၀င်နေပြီး ဘန်ဆွန်ကလည်း ဒီနေ့ သူ့ကိုအများကြီး ကူညီပေးခဲ့တယ်။ သူ့သူငယ်ချင်းတွေနဲ့ သူ့ကို မိတ်ဆက်ပေးရတာ အရမ်းပျော်တယ်။

"မင်းတို့ ဘယ်တုန်းကတွေ့ခဲ့ကြတာလဲ" အယ်လ်ဗင်က သူတို့နှစ်ဦးကို သံသယနဲ့ ကြည့်လိုက်တယ်။ ကေစီက အချိန်ရှိတဲ့အခါ  ခဲယ်လ်တစ်ရဲ့အိမ်ကို ပြေးသွားပြီး ပိုင်မုကို မရပ်မနားနှောင့်ယှက်တတ်တယ်။ ပိုင်မုနဲ့ ခဲယ်လ်တစ်တို့ အပြင်ထွက်တဲ့အခါ သူလည်း အနီးနားကအစားအစာတွေကို စုဆောင်းဖို့ သူ့သားရဲအဖေနောက်ကို လိုက်သွားလိမ့်မယ်။ ဒါမှမဟုတ် အိမ်မှာ အ၀တ်အစားတွေ ရက်‌လုပ်နေလိမ့်မယ်။ ကျားတောင်ပံorcနဲ့ တွေ့ဖို့ ဘယ်က အချိန်ရှိမှာလဲ။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now