Chapter 5.2

7.4K 1.2K 14
                                    

(Unicode)

ရှေးကျသောမျိုးနွယ်စု

ပိုင်မုက လက်လှမ်းလိုက်ပြီးတော့ ခြင်္သေ့လေးရဲ့ခေါင်းကို ပွတ်သပ်လိုက်ချင်ပေမယ့်လည်း ဘယ်အချိန်မဆို ပြုတ်ကျသွားနိုင်မယ့်ပုံပေါ်တဲ့ ဒယီးဒယိုင်ဖြစ်နေတဲ့ခြင်္သေ့လေးကို ပြုတ်ကျသွားအောင်လုပ်မိမှာစိုးတယ်။

"ကောင်းပြီ ခနနေပြန်ကြမယ်၊ မင်းထွက်လာတာတွေ့ရင် အန်းချီလော့က စိုးရိမ်နေမှာ"ခဲယ်လ်တစ်က ပြောပြီး အိမ်ကို ပျံသန်းလိုက်တယ်။

"တကယ့်ကိုပဲ မိန်းမတွေက စိုးရိမ်ရတာကြိုက်ကြတယ်"ခြင်္သေ့လေးက တိုးတိုးလေးညည်းညူလိုက်ပြီးတော့ အနောက်က လိုက်သွားတယ်။

"ခဲယ်လ်တစ် ခင်ဗျားညီလေးပြုတ်ကျသွားမှာကို မစိုးရိမ်ဘူးလား"ပိုင်မုက စိုးရိမ်ပူပန်မှုတချို့နဲ့ ခြင်္သေ့လေးကို ကြည့်ပြီး မေးလိုက်တယ်။

"အဆင်ပြေပါတယ် ဒါက orcတွေကြီးပြင်းလာမယ့် တစ်ခုတည်းသောနည်းလမ်းပဲ ပြုတ်ကျခဲ့ရင် တဖြည်းဖြည်းပိုပြီးပျံသန်းလာနိုင်မယ်"ခဲယ်လ်တစ်က ဂရုမစိုက်ဘူး၊ ဒါက orcမျိုးနွယ်စုတွေထဲမှာ ပုံမှန်ဖြစ်လေ့ရှိတဲ့အရာပဲ။

"နောက်တော့ သူကျိုးပဲ့သွားရင်ရော"သူတို့ရဲ့ကလေးတွေကို  လုံး၀ကိုအလိုလိုက်တဲ့ ကမ္ဘာပေါ်က မိဘတွေရှိတဲ့အချိန်ကနေ လာတဲ့ပိုင်မုကတော့ နည်းနည်းလေး စိုးရိမ်နေတုန်းပဲ။

"မစိုးရိမ်ပါနဲ့ orcတွေအားလုံးက ကြမ်းတမ်းကြပြီးတော့ အရေပြားထူပါတယ် မသေနိုင်ပါဘူး"ခဲယ်လ်တစ်က အရှေ့ကို ကြည့်နေဆဲပဲ။

မျိုးနွယ်စုကို ရောက်ပြီးနောက်မှာ ဒီorcမျိုးနွယ်စုက ဘယ်လောက်တောင်ခေတ်နောက်ကျကျန်နေလဲဆိုတာကို ပိုင်မုသိသွားတယ်။သူတို့က တိရိစ္ဆာန်သားရေတွေကို ၀တ်ဆင်ကြပြီး ဂူတွေထဲမှာ နေကြတယ်။သူအခုလေးတင်မြင်လိုက်တဲ့ တောင်ကြီးရဲ့ကမ်းပါးပေါ်မှာ ဂူတွေအများကြီးရှိတယ်။အမြင့်ဆုံးနေရာမှာ ငယ်ရွယ်တဲ့လူပျိုorcတွေနေကြပြီးတော့ အလယ်ပိုင်းမှာ ငယ်ရွယ်တဲ့လက်ထပ်ပြီးစ လင်ယောက်ျားတွေနေတယ်။လင်ယောက်ျားနဲ့မိန်းမနှစ်ခုကြားက တူညီမှုကြောင့် ပိုင်မုက အဲ့ဒါကို လုံး၀ကို လျစ်လျူရှုလိုက်တယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now